နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့် စနူကာအားကစားသမားများနှင့် နည်းပြများအား တွေ့ဆုံအားပေး

ရန်ကုန်   ဧပြီ   ၁၂


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်း ဒေသကြီး ဝန်ကြီးများသည် ၃၁ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဘိလိ ယက်နှင့် စနူကာအားကစား နည်းဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည့် ကစားသမားများနှင့် နည်းပြ များအား ယမန်နေ့ မွန်းလွဲ ပိုင်းက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့လှူဒါန်းငွေများ ပေး အပ်သည်။


ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အောင်ဆန်းအားကစား ပြိုင်ကွင်းရှိ မြန်မာနိုင်ငံဘိလိ ယက်နှင့် စနူကာအဖွဲ့ချုပ်ရုံးသို့ ရောက်ရှိရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က အားကစား သမားများ နည်းပြများနှင့် တစ်ဦးချင်း မိတ်ဆက်ပေး သည်။


ထို့နောက် အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် အဖွဲ့ ချုပ်ဥက္ကဋ္ဌက ဘိလိယက်နှင့် စနူကာပြိုင်ပွဲများတွင် အား ကစားသမားများ၏ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည့် သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ဝန်ကြီးချုပ် နှင့်ဝန်ကြီးများ၊ နည်းပြများနှင့် အားကစားသမားများက ဧပြီ ၁၀ ရက်ညပိုင်းက ကွယ်လွန် သွားခဲ့သော မြန်မာနိုင်ငံဘိလိ ယက်နှင့် စနူကာလက်ရွေးစင် ဟောင်းနှင့်နည်းပြဖြစ်သူ ဦးအောင်ဆန်းဦးအား ဝမ်းနည်း ခြင်းအထိမ်းအမှတ်ဖြင့် အား ကစားခန်းမတွင် မတ်တပ်ရပ်၍တစ်မိနစ်ခန့်ငြိမ်သက်ကြသည်။


ထို့နောက် ကစားသမားများ ၏ ပြိုင်ပွဲပုံစံလေ့ကျင့်နေမှုများ ကိုကြည့်ရူအားပေးပြီး ကစား သမားလေးဦးအတွက် တစ်ဦး လျှင် နှစ်သိန်းကျပ်ဖြင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် ရှစ်သိန်းကို လည်းကောင်း၊ ကွယ်လွန်သူ ဦးအောင်ဆန်းဦးအတွက် ကျန်ရစ်သူ မိသားစုအား ထောက်ပံ့ငွေ ကျပ်နှစ်သိန်း ကိုလည်းကောင်း ဝန်ကြီးချုပ် ကပေးအပ်ရာ ကစားသမားများ နှင့် ကျန်ရစ်သူမိသားစု (ကိုယ်စား) အဖွဲ့ချုပ်ဥက္ကဋ္ဌက လက်ခံရယူသည်။


(၃၁)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ ကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပေါက်စနှင့် မင်းစည်သူထွန်း တို့က ဘိလိယက်ပြိုင်ပွဲ၊ အောင်ဖြိုးနှင့် ဝင်းကိုကိုတို့က စနူကာပြိုင်ပွဲများတွင် နိုင်ငံ ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ