နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မဲမြို့နယ် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ သစ်စိမ်းမြေသြဇာမျိုးစေ့ ကြဲပက်ပွဲ၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းခြွေလှေ့ပွဲကျင်းပ

အိမ်မဲ ဧပြီ ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲ မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ မျိုးစေ့ကြဲပက်ပွဲ၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်း ခြွေလှေ့ပွဲကို တောင်သူဦးစိန်မောင်သန်း ၏လယ်မြေတွင် ဧပြီ ၉ ရက် ညနေ ၅ နာရီအချိန်တွင် ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် အိမ်မဲ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူး ကောင်းမြတ်စံနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင်မောင်ဦးတို့က သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ကိုတောင်သူများထံ ပေးအပ်ကြောင်း သိရသည်။


ဆက်လက်ပြီး တက်ရောက်လာသူ များက သစ်စိမ်းမြေသြဇာမျိုးစေ့ကြဲ ပက်ပွဲနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်းခြွေလှေ့ပွဲကို ကြည့်ရှုအားပေး ကြောင်းသိရသည်။


"ပိုက်ဆံလျှော် မျိုးစေ့ထုတ်ခြွေ လှေ့တာက မျိုးစေ့တွေကိုလယ်ကန် သင်းပတ်ပတ်လည်မှာ စိုက်ပျိုးထား ခြင်းဖြစ်ကာ ယနေ့ခြွေလှေ့တာက တော့ ၇ ဧက မှာစိုက်ပျိုးထားတဲ့မျိုး စေ့ကိုခြွေလှေ့ပြီး ၂၀ တင်းထွက်ရှိ ပါတယ်။ တစ်ဧက မျိုးစေ့သုံးတင်းနှုန်း ထွက်ရှိကြောင်း"


"သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးတဲ့ အကျိုးကျေးဇူး တွေကတော့ ဓာတ်မြေသြဇာသုံးစွဲမှု လျော့ချရေးနဲ့ မြေဆီလွှာများပြုပြင် တိုးတက်လာမှာဖြစ်ပါတယ်။ အဓိကဘာရမလဲဆိုတော့မြေဆီလွှာရဲ့ရုပ် ဂုဏ်သတ္တိ၊ ဓာတ််ဂုဏ်သတ္တိကို ပြောင်း လည်းစေပြီး သစ်ဆွေးဓာတ်ပိုမိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မြေကြီးတွေကို ရေရှည်တည်မြဲသော စိုက်ပျိုးရေးစနစ် ဆောင်ရွက်နိုင်မှာပါလို့'' အိမ်မဲ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးတင် မောင်ဦးက ပြောသည်။       ချစ်သက်လယ်(အိမ်မဲ)






အခြားဆက်စပ်သတင်းများ