နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ကြန်ခုနစ်ရက် တရားစခန်းပွဲကျင်းပ

ကျောင်းကုန်း ဧပြီ ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်း ကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် ရွှေမြနန္ဒာ မြို့ဦးမဟာစည်သာသနာ့ ရိပ်သာအတွင်း၌ ခုနစ်ကြိမ်မြောက် အဖြစ် ယနေ့နံနက်ကစ၍ခုနစ်ရက် သင်္ကြန်တရားစခန်းပွဲ ကျင်းပလျက် ရှိသည်။


မဟာ သတိပဠာန်ဝိပဿနာ သင်္ကြန်တရားစခန်းပွဲကို ဆဌသင်္ဂီတိ ပုစ္ဆကအဂ္ဂမဟာပဏ္ဍိတ ကမ္ဘာ့ဗုဒ္ဓ သာသနာပြု အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ ဥပနိဿယ အတိုင်း တန်ခူးလဆန်း ၁၁ ရက်နေ့က တန်ခူးလပြည့်ကျော်  ၂ ရက်နေ့အထိ ခုနှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်္ကြန်တရားစခန်းပွဲ၌ သံဃာတော် ၂၀ ပါး၊ သီလရှင် ၄ ပါး၊ အမျိုးသားယောဂီ ၅ ဦးနှင့် အမျိုးသမီး ယောဂီ ၃၀ ဦးစုစုပေါင်း ၅၉ ဦး တရားစခန်းဝင်ရောက်၍ မဟာစည် ဆရာတော်ကြီး၏ ဝိပဿနာရှုနည်း၊ သတိပဌာန် ရှုမှတ်ပွားများပုံတို့ကို  ရှုမှတ်၍ ဘဝ၏ငြိမ်းအေးရာကို ရှာဖွေနေကြောင်း သိရသည်။

ဝင်းကြိုင်(ကျောင်းကုန်း)






အခြားဆက်စပ်သတင်းများ