နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုတရင်ခွင်၊ ဓမ္မစကူးလ်ကျောင်းတော်ကြီး တည်ဆောက်ရန် အလှူငွေကျပ် ၂၁ သိန်း လှူဒါန်း

ရန်ကုန်   ဧပြီ   ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ မြို့နယ်၊ အိဿယျကျေးရွာ၊ မဟာ စေတီကျောင်းတိုက်ဝင်းအတွင်းတည် ဆောက်လျက်ရှိသော နှစ်ထပ်သုတ ရင်ခွင်၊ ဓမ္မစကူးလ်ကျောင်းတော်ကြီး တည်ဆောက်လျက်ရှိရာ မိဘများ ဖြစ်သော ဦးတင်မြ၊ ဒေါ်လှကြည်တို့အား  ရည်စူး၍ ရန်ကုန်မြို့တောင်ဒဂုံနေ (ဦးချစ်သိန်း)-ဒေါ်ထားမြင့် သမီး မဇင်မာဦးမိသားစု၊ ဦးမြင့်ဆွေမိသားစု၊ သုံးခွမြို့အမှတ်(၃)ရပ်ကွက်စည်သူ လမ်းနေ ဦးသိန်းမြင့်-ဆရာမ ဒေါ်မြမြဝင်းမိသားစု၊ ညီမဒေါ်ရီရီဝင်း တို့က ကျောင်းတော်ကြီးအတွက် အလှူတော်ငွေကျပ် ၂၁ သိန်းကို ဧပြီ ၁၀ ရက်က လာရောက်လှူဒါန်း ရာ ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကစ္စာယန (မိုးကုတ်နယ်လှည့်ဓမ္မကထိက၊ ပိဋက အာဂုံတစ်ပုံဆောင်) က လက်ခံရယူပြီး  အနုမောဒနာဟောကြားကာ  လှူဒါန်း မှုအတွက် ရေစက်သွန်းချအမျှပေး ဝေကြောင်း သိရသည်။     ကိုကျော်သုံးခွ






အခြားဆက်စပ်သတင်းများ