နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆိပ်ဖြင့်လုပ်ကြံမည်ဆိုသည့် သတင်းတုထွက်ခဲ့ပြီးနောက် ရုရှားသံအမတ်နှစ်ဦးကို ချက်နိုင်ငံ နှင်ထုတ်

ဇွန် ၆ ပရပ်

ချက်နိုင်ငံရေးသမား သုံးဦးကို အဆိပ်ဖြင့်လုပ်ကြံမည်ဆိုသည့် သတင်းတုထွက်ပေါ်နေချိန်တွင် ချက်နိုင်ငံ အစိုးရက ရုရှားသံအမတ်နှစ်ဦးကို နှင်ထုတ်ခဲ့သည်။ ရုရှားသံရုံးဝန်ထမ်းများအကြား သဘောထား ကွဲလွဲခဲ့ပြီးနောက် သံရုံးဝန်ထမ်းတစ်ဦးက မဟုတ်မှန်သည့် အကွက်ချစီစဉ်မှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ချက်ထောက်လှမ်းရေးအဖွဲ့ထံ ပေးပို့ခဲ့ခြင်းဟု ချက်နိုင်ငံအစိုးရက ပြောသည်။ ထို့နောက်တွင် ချက်နိုင်ငံမှ မြို့တော်ဝန်သုံးဦးကို ရဲလုံခြုံရေးအစောင့်အရှောက် ချထားပေးခဲ့သည်။

ရုရှားအစိုးရကို ဒေါသထွက်စေခဲ့သည့် ချက်နိုင်ငံရေးသမားများကို အဆိပ်ဖြင့် လုပ်ကြံရန် ရုရှား အေးဂျင့်တစ်ဦးက ပရပ်မြို့သို့ ရောက်လာခဲ့ပြီး လက်ဆွဲအိတ်ထဲတွင် သေစေနိုင်သည့် ရီစင်(ricin)အဆိပ် သယ်ဆောင်လာခဲ့သည်ဟု ချက်နိုင်ငံထုတ် Respekt စာစောင်က ဖော်ပြခဲ့သည်။ သို့သော် အဆိုပါသတင်းများမှာ လုပ်ကြံလီဆယ်ထားသည့် သတင်းတုများသာဖြစ်သည်ဟု ရုရှားနိုင်ငံက တုံ့ပြန်ခဲ့သည်။

ရုရှားသံအမတ်နှစ်ဦးကို ချက်နိုင်ငံက နှင်ထုတ်ခြင်းမှာ မိတ်ဆွေမပီသသည့်လုပ်ရပ်ဖြစ်သည်ဟု ရုရှားနိုင်ငံက ရှုတ်ချခဲ့သည်။ ရုရှားသံအမတ်နှစ်ဦး နှင်ထုတ်ခံရသည့်ကိစ္စမှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပြင်းထန်သည့်ထိုးနှက်ချက်တစ်ရပ်ဖြစ်စေပြီး ထိထိရောက်ရောက် တုံ့ပြန်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားသည်။   

 (KNT)






အခြားဆက်စပ်သတင်းများ