နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇန်နဝါရီ၊ ဖေဖော်ဝါရီအတွင်း ၄၀၄ ကြိမ် မီးလောင်မှုဖြစ်ပွား၊ ကျပ်သိန်းပေါင်း ၁၃,၀၀၀ ကျော် ပျက်စီးဆုံးရှုံး

ရန်ကုန်   မတ်   ၂၁


၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း မြန်မာနိုင်ငံ တစ်ဝန်း၌ မီးလောင်မှု ၄၀၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၁၃,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


ဇန်နဝါရီ တစ်လအတွင်း မြန်မာတစ်နိုင်ငံလုံး၌ မီးလောင် မှုဖြစ်စဉ် ဖြစ်ရပ်ပေါင်း ၁၅၀ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ငွေကျပ် သိန်းပေါင်း ၄,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဖေဖော် ဝါရီအတွင်း မီးလောင်သည့် အရေအတွက် ၂၅၄ ကြိမ်နှင့် မီးလောင်မှုကြောင့် ငွေကျပ် သိန်းပေါင်း ၉,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။


၂၀၂၁ ခုနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် မီးလောင်မှု ဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၂၀၉၈ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ မီးလောင်မှု ကြောင့် လူပေါင်း ၁၀၅ ဦး သေဆုံးခဲ့ပြီး၊ အိမ်ခြေတိုက်တာ အဆောက်အဦးတန်ဖိုး ၃၃ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ သည်။


တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့အနက် ရန်ကုန်၊ မန္တလေး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ သည် မီးလောင်မှု အများဆုံး ဖြစ်ပွားခဲ့သည်ဆို၏။     CN-031






အခြားဆက်စပ်သတင်းများ