နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး ညှိနှိုင်းစည်းဝေး

ရန်ကုန်   မတ်   ၂၁


မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ ၄ ၌ ကျင်းပသည်။


အစည်းအဝေးသို့ ရန်ကုန် မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်းကော်မတီ အတွင်းရေး မှူး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးညွန့်ဖေ၊ ကော်မတီ ဝင်များ၊ ဌာနမှူးများ၊ ဒုတိယ ဌာနမှူးများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ မြို့တော်ဝန်က အဖွင့်အမှာစကား ပြောကြားရာ တွင် "ရန်ကုန်မြို့တော် ဗဟို မဏ္ဍပ် မဟာသင်္ကြန် ရေသဘင် ပွဲတော် အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းအစည်း အဝေးကို ပြုလုပ်ရခြင်းဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် တို့တွင် ရေသဘင်ပွဲတော်ကို ကျင်းပပြုလုပ်ခြင်း မရှိသော် လည်း၊ ယခု ၂၀၂၂ ခုနှစ်တွင် ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေ သဘင်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ နှင့် အနုပညာရှင်များ ပူးပေါင်း ၍ ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊ ရေသဘင်ပွဲကို စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အဓိက ဦးစားပေးလုပ်ဆောင် ကြရန်၊ ယခင်နှစ်များနည်းတူ လမ်းလျှောက် သင်္ကြန်ကိုလည်း ထည့်သွင်း၍ ပါဝင်ဆင်နွှဲနိုင်ရေး ကိုလည်း လုပ်ဆောင်ကြရန်၊ ဗဟိုမဏ္ဍပ် ဖြစ်မြောက်ရေး အတွက် ဌာနဆိုင်ရာများက ဆပ်ကော်မတီများ ဖွဲ့စည်း၍ ပူးပေါင်းလုပ်ဆောင်ကြရန်၊ ယိမ်း ပြိုင်ပွဲများလည်း ပါဝင်ကျင်းပ မည်ဖြစ်၍ ယိမ်းအက ပြိုင်ပွဲ လျှောက်လွှာများလည်း ခေါ်ယူ နေပြီဖြစ်ကြောင်း" ပြောကြား သည်။


ထို့နောက် လုပ်ငန်းကော် မတီ အတွင်းရေးမှူးက ရန်ကုန် မြို့တော်ဗဟိုမဏ္ဍပ် မဟာ သင်္ကြန် ရေသဘင်ပွဲတော် စည် ကား သိုက်မြိုက်စွာ ကျင်းပနိုင် ရေးအတွက် ဆွေးနွေးပြောကြား ပြီး၊                          လုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူး၊ စီမံရေးရာဌာန၊ ဌာနမှူး ဦးကျော်မင်းက ဆပ် ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ ခွဲဝေထားရှိမှု တို့ကို ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ တက်ရောက် လာကြသော ဌာနမှူးများနှင့် ဧည့်သည်တော်များက သင်္ကြန် ပွဲတော် ကျင်းပနိုင်ရေးနှင့် ပတ် သက်၍ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး အစည်း အဝေးကို နံနက် ၁၁ နာရီတွင် ရုပ်သိမ်းလိုက်သည်။


နှစ်ဟောင်းကုန်လွန်၍ နှစ် သစ်သို့ ကူးပြောင်းသည့် အခါ သမယတွင် မြန်မာလူမျိုးတို့ အနေဖြင့် ရိုးရာအစဉ်အလာ မပျက် အတာသင်္ကြန်ရေသဘင် ပွဲတော်ကို နှစ်စဉ်ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသော်လည်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ ပါးလာသည့်အလျောက်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူ၍၊ ရန်ကုန် မြို့တော်နေ ပြည်သူများ စိတ် လက် ပေါ့ပါးပြီး ပျော်ရွှင်ချမ်းမြေ့ စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က ရန်ကုန်မြို့တော် မဟာ သင်္ကြန် ရေသဘင်ပွဲတော်ကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများနှင့်အညီ၊ ယခု မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရ သည်။     သတင်း-သွင်မောင်မောင်၊ 

ကျော်မိုးထွန်း၊ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ