နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုကိုးကျွန်းအနီးတွင်မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကျင်းပ

ရန်ကုန်   မတ်   ၂၁


မတ် ၁၉ ရက် မြန်မာ စံတော်ချိန် ၂ နာရီအချိန် တိုင်းထွာ ထုတ်ပြန်ချက်အရ၊ အားကောင်း သော လေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၊ ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီ ပင်လယ်ပြင်(တောင်ပိုင်း) တို့တွင် ဖြစ်ပေါ်နေသော  အားကောင်း သည့် လေဖိအားနည်း ရပ်ဝန်း သည် ဆက်လက်တည်ရှိပြီး၊ ကိုကိုးကျွန်းအနီးတွင် မုန်တိုင်း ငယ်ဖြစ်ပေါ်လာနိုင်၍၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မတ် ၁၉ ရက်၊ ညနေ ၅ နာရီက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်း ဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိ သူများ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။


အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ တိုင်း ဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကိုကိုးကျွန်းတွင် နေထိုင်သော ဒေသခံပြည်သူများ အတွက် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ဆေးနှင့် လိုအပ်သည့် စားနပ်ရိက္ခာများ၊  ဖယောင်း တိုင်၊ ဓာတ်မီးနှင့် အခြားလိုအပ် နိုင်သည့် ပစ္စည်းများကိုလေယာဉ် ဖြင့် ပို့ဆောင်နိုင်ရေးအတွက် ကြိုတင်စီမံထားရှိနိုင်ရေး၊ ကူညီ ကယ်ဆယ်မည့် ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ကြိုတင်ပြင်ဆင် စုဖွဲ့ထားရှိပြီး၊ လိုအပ်လာသည့်အခါ အချိန် နှင့်တစ်ပြေးညီ အမြန်ပို့ဆောင် ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ကဏ္ဍအလိုက် အကျယ် တဝင့် ဆွေးနွေးကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုကိုးကျွန်းတွင် သာမက တိုင်းဒေသကြီးအတွင်း ရှိ ပင်လယ်နှင့်ဆက်စပ်နေသော မြို့နယ်များတွင် နေထိုင်ကြသော ပြည်သူများကိုလည်း၊ မုန်တိုင်း အရေးပေါ် သတင်းကြေညာ ချက်များကို မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်နှင့် အကယ်၍မုန်တိုင်းဖြစ် ပေါ်လာပါက ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနိုင်ရေး တာဝန်ရှိသူများက အသိပေး ကြေညာချက်များ အဆက်မပြတ် ထုတ်ပြန် ပေးရန်လိုအပ်ကြောင်း နှင့် ရာသီမရွေးဖြစ်ပေါ်တတ် သည့် သဘာဝ ဘေးအန္တရာယ် အမျိုးမျိုး ကြုံတွေ့လာပါက၊ ဖွဲ့စည်းထားသော ကော်မတီ အသီးသီးကလည်း လက်တွေ့ ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ အကယ်၍ ကြုံတွေ့လာပါက စုပေါင်းအင်အား ဖြင့် သဘာဝ ဘေးအန္တရာယ်ကို ကျော်လွှားပြီး၊ ကူညီကယ်ဆယ် ရေးလုပ်ငန်းများကိုဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း နိဂုံး ချုပ်စကား ပြောကြားသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ