နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ဥတုဇ ရုပ်ကလပ်တော်မြတ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖူးမြော်ကြည်ညို၊ အန္တိမအဂ္ဂိဈာပနအတွက် အလှူငွေလှူဒါန်း

ရန်ကုန်  မတ်  ၂၁


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မတ် ၂၀ ရက်၊ နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား သော သက်တော် ၉၃ နှစ် သိက္ခာတော် ၇၃ ဝါရှိ မရမ်းကုန်း မြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇ္ဇော တာရုံစာသင်တိုက် ဦးစီးပဓာန နာယက ရွှေကျင်နိကာယ ဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာ ပတိ ပန္နရသမ ရွှေကျင်သာသနာ ပိုင် အဘိဓဇ မဟာရဋ္ဌဂုရု အဘိ ဓဇမဟာ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက နိုင်ငံတော် ဩဝါဒါ စရိယ ဝိဇ္ဇောတာရုံ ဆရာတော် ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်မြတ် အား ယင်းနေ့ ညနေပိုင်းတွင် သွားရောက်ဖူးမြော် ကြည်ညို ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာ တော်ကြီး၏ အန္တိမအဂ္ဂိဈာပန သဘင်ကို နိုင်ငံတော်အဆင့် ကျင်းပနိုင်ရေးအတွက် ဆရာ တော်ကြီးများ၊ ကျောင်းအကျိုး တော်ဆောင်များ၊ သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး၊ လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ အန္တိမအဂ္ဂိ ဈာပနအတွက်ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀ ကို တိုင်းဒေသ ကြီး သာသနာရေး ဦးစီးမှူး ဦးထွန်းမြင့်ဦးထံ ပေးအပ် လှူဒါန်းသည်။


ဆရာတော်ကြီး၏ ကြွင်းကျန် ရစ်သော ဥတုဇရုပ်ကလာပ် တော်မြတ်ကို မတ် ၂၂ ရက်၊ ညနေ ၅ နာရီတွင် အန္တိမအဂ္ဂိ ဈာပနသဘင် အခမ်းအနားဖြင့် ပူဇော်ခံ လောင်တိုက်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ