နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာမခံအလုပ်သမားတစ်ဦး အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ်၉၉ သိန်း ပေးအပ်

မင်းဘူး     မတ်      ၂၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့နယ် လူမှုဖူလုံရေးရုံးခွဲ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ အာမခံအလုပ်သမားတစ်ဦး အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးခွဲက ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ် ၉၉ သိန်းကို မတ် ၂၀ ရက်က အဆိုပါ ရေနံမြေ အစည်းအဝေးခန်းမ၌ ပေးအပ်သည်။


အလုပ်သမားဝန်ကြီးဌာန၊မင်းဘူး မြို့နယ်လူမှုဖူလုံရေးရုံးခွဲ၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် ထောက်ရှာပင် - ထန်းကိုင်း-ရေနံမ ရေနံမြေမှ အာမခံအလုပ်သမားဦးမောင်မြင့် (ယာဉ်မောင်း-၃)သည် ၁၈.၁.၂၀၂၂ ရက်၊ နေ့လယ် ၁ နာရီက ရေနံတွင်းပြင်ကား ဖြင့် တွင်းအမှတ် K-84 အား Swabbing  ဆွဲစဉ် ရေနံ  Flow  ထွက်လာ၍ ပြေးလွှားရှောင်ရှားရာ ပိုက်လိုင်းကြား နောက်ပြန်လဲ၍ ဦးခေါင်းညာဘက် နောက်စေ့ကွဲဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက် ရောက်ကုသစဉ် ၂၀.၁.၂၀၂၂ ရက်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးခွဲမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ပြောသည်။


အဆိုပါ လုပ်ငန်းခွင်တွင် ထိခိုက်သေဆုံးခဲ့သော အာမခံ အလုပ်သမား ဦးမောင်မြင့်၏ သေဆုံးမှုအတွက် ငွေကျပ်  ၉၉ သိန်းတိတိကို ကျန်ရစ်သူအကျိုးခံစားခွင့်ရှိသည့် မိသားစုဝင်များထံ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်မြင့်က ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ