နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်းမွန်ဈေးကောင်းနေသော်လည်း တနင်္သာရီပင်လယ်ပြင်တွင် ကင်းမွန်ဖမ်းဆီးရမိမှုနည်းပါးနေ

ရန်ကုန်     မတ်      ၂၁


ကင်းမွန်ဈေးကောင်းရနေသော် လည်း တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်တွင် ကင်းမွန်ဖမ်းဆီးရမိမှု နည်းပါးနေသဖြင့် ကင်းမွန်မီးထွန်းလှေ များ တွက်ခြေမကိုက်ဖြစ်နေကြသည်။ ကင်းမွန်မီးထွန်းစက်လှေများတွင် လျှပ်စစ်မီးများ ထိန်နေအောင်ထွန်းလင်း ထားပြီး ကင်းမွန်များကို အဆိုပါ လျှပ်စစ်မီးအလင်းရောင်များဖြင့် မျှားခေါ်ဖမ်းယူခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါလှေများကို ကင်းမွန် မီးထွန်းလှေဟုခေါ်ခြင်းဖြစ်သည်။


ယခုနှစ်တွင် တရုတ်နှင့်ထိုင်းတို့က ကင်းမွန်ဝယ်ယူမှုမြင့်တက်နေသဖြင့်             ပင်ရင်းဒေသများတွင် အလေးချိန် ၁၁ ပိဿာရှိ ကင်းမွန်တစ်ဗန်းလျှင် ငွေကျပ် တစ်သိန်းသုံးသောင်းအထိ ဈေးကောင်း ရနေကြသည်။ ထိုသို့ ဈေးကောင်းပေး ဝယ်ယူနေသော်လည်း ကင်းမွန်ဖမ်းဆီး ရမိမှုနည်းပါးနေသည်။ 


ယခင်နှစ်များက ကင်းမွန်မီးထွန်း လှေတစ်စင်းပင်လယ်ပြင်ထွက်ရန် အတွက် ကုန်ကျငွေမှာ ငွေကျပ်သိန်း တစ်ရာကျော်သာရှိနေသော်လည်း ယခု နှစ်တွင် သိန်းနှစ်ရာကျော်အထိ စရိတ် မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့  ကုန်ကျ စရိတ်များမြင့်တက်လာခဲ့သော်လည်း ပင်လယ်ရေစီးကြောင်းများပြောင်းလဲ နေသဖြင့် ရေသတ္တဝါများ၏ စားကျက် ပြောင်းလဲမှုနှင့် ရာသီဥတုပြောင်းလဲမှု များကြောင့် ကင်းမွန်များရေပေါ်တက် မလာမှုများကြောင့် ဖမ်းဆီးရမိမှုနည်းပါး နေခြင်းဖြစ်သည်ဟု ဆိုသည်။  ထို့ကြောင့် ယခင်ကမြိတ်ကျွန်းစု ပင်လယ်ပြင် တွင် ကင်းမွန်များ၊ အများဆုံး ဖမ်းဆီး ရမိနေသည့် ကွမ်းသီးကျွန်း၊ ကွမ်းရွက် ကျွန်းနှင့် အဆိုပါ ကျွန်းများ၏ မြောက်ဘက်ဒေသများမှာ ယခုအခါ  ကင်းမွန်ဖမ်းဆီးရမိမှုသိသိသာသာ လျော့ကျနေသည်။ ထို့ကြောင့် ကင်းမွန် မီးထွန်းလှေများမှာ တောင်ဘက်ပိုင်း ဒေသများသို့ နေရာပြောင်းရွှေ့ဖမ်းယူ နေကြရသော်လည်း ကင်းမွန်ဖမ်းဆီးရမိ မှုနည်းပါးနေပြီး ငါးများကိုသာ ဖမ်းယူ နေကြရသည်။ ငါးအုပ်များလျှင် ကင်းမွန် များ ရေပေါ်သို့တက်မလာကြသော  ကြောင့်၊  ကင်းမွန်မီးထွန်းလှေလုပ်ငန်း များမှာ ယခုနှစ် ရေလုပ်ငန်းရာသီတွင် ပင်လယ်ပြင်သို့ ထွက်ခွာချိန်နောက်ကျခဲ့ မှု စရိတ်တစ်ဆခန့် ပိုမိုမြင့်တက်လာမှု နှင့် ကင်းမွန်ဖမ်းယူရရှိမှုနည်းပါးမှု စသည့် အခြေအနေများ ကြုံတွေ့နေရ သည်။               CN-031






အခြားဆက်စပ်သတင်းများ