နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုန်းတိုင်အန္တရာယ် ကြိုတင်ကာကွယ်

မြန်အောင်၊  မတ်  ၂၁


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်  မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် မုန်တိုင်း ဝင်ရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမျာဆောင်ရွက် ရန် မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မတ် ၁၉ ရက်ကစ၍ အသင့်စုဖွဲ့ပြင်ဆင်ထားရှိကြောင်းသိရသည်။


မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းနေထိုင် သော ပြည်သူများ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ ဧရာဝတီမြစ်ကမ်းအနီးနေထိုင်သူများ၊  ရေလုပ်သား များ၊ မော်တော်များနှင့် ရေလယ်သောင်ပြင်တွင် စိုက်ပျိုးရေးလုပ်ကိုင် နေသူများ၊ သစ်ပင်ကြီးများအနီးတွင်နေထိုင်သူများအနေဖြင့် မုန်တိုင်း ကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာနအဆောက်အဦများတွင် အရေးကြီးစာရွက်စာတမ်းများပျက် စီးဆုံးရှုံးမှုမရှိစေရန် ကြိုတင်သိမ်းဆည်းထားကြရန်၊ တောင်ကျချောင်း ဘေးနေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ် ကင်းရာတွင်နေထိုင်ကြရန်၊ ကျွဲ၊ နွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာ တွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က  အသိပေးနှိုးဆော်ထားကြောင်းသိရ သည်။


မြန်အောင်မြို့နယ်အတွင်း မြန်အောင်မီးသတ်စခန်း၊ ကနောင် မီးသတ်စခန်း၊ ရွှေကျင်မီးသတ်စခန်းနှင့် သပြေကုန်းမီးသတ်စခန်းတို့ တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ ထားရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အုပ်ချုပ်ရေးမှူး များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူး ပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း  သိရသည်။

ဝင်းဗိုလ်(မြန်အောင်)






အခြားဆက်စပ်သတင်းများ