နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခါမ်းပါတ်မြို့တွင် ငွေကျပ် ၂၄၅၅ ဒသမ ၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

ခါမ်းပါတ် ဇွန် ၅


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၂ ရက်၊ ည ၇ နာရီခွဲအချိန် တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ နန်းခေါက်ခေါက်ကျေးရွာအနီး၊ တမူး-ကလေးသွားကားလမ်းတွင် အောင်အောင် မောင်းနှင်ပြီး ဇနီးဖြစ်သူ မမော်လိုက်ပါလာသည့် SOJEN အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ကျွန်းတောရေရှင်ကျေးရွာအုပ်စု၊ နန်းကတိတ်ကျေးရွာအနီး၌ တားဆီးရမိသဖြင့် ယာဉ်အားရှာဖွေရာ ယာဉ်အတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသော ဘိန်းဖြူ ၄ ဒသမ ၀၉၂ ကီလိုနှင့် ယင်းတို့ထံမှ လက်ကိုင်ဖုန်း ၃ လုံးသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဇွန် ၃ ရက်၊  နံနက် ၁၀ နာရီအချိန်တွင် တမူးမြို့၊ စော်ဘွား(၄)ရပ်ကွက်ရှိ ကျင်ဆွင်ခိုင်(ခ) ကိုခိုင်၏နေအိမ်ကိုရှာဖွေရာ ယင်းအားလက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။


ဆက်လက်၍ နံနက် ၁၁ နာရီခွဲအချိန်တွင် ကလေးခရိုင်ပြည်သူ့ဆေးရုံရှေ့၌ ကျုံးအုပ်ထန်းအား မြန်မာငွေ ၉၄၀,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် အောင်အောင်(၃၀)နှစ်၊ မမော်(၅၀)နှစ်၊ ကျင်ဆွင်ခိုင်(ခ) ကိုခိုင်(၄၈)နှစ်၊ ကျုံးအုပ်ထန်း(၂၅)နှစ်တို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ