နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၅


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ ဇွန် ၄ ရက်၊ နံနက် ၂ နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဖော့ကန်ရပ်ကွက်၊ ပဒေသာလမ်းမပေါ်၌ ကိုစိုးထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၄ နာရီ ၁၅ မိနစ်အချိန်တွင် (၁၇)ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်၌ ကျော်နိုင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ အောင်ဇော်လင်းထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်း၊ အောင်သန်းထံမှ အရိုးအသွား (၈)လက်ခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ သန်းဝင်းထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်း၊ ဖိုးဇော်ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ကျော်ရဲသူထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်း၊ ဝင်းလှိုင်ထွန်း ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် နံနက် ၉ နာရီခွဲအချိန်တွင် ရွာသာကြီးရပ်ကွက်၊ ခရေလမ်းမပေါ်၌ အောင်မင်းသူ ထံမှ အရိုးအသွား(၃၂)လက်မခန့်ရှိ ငှက်ကြီးတောင်တစ်ချေင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် (ဈ)ရပ်ကွက်၊ ခေမာသီလမ်းနှင့် မေဓာဝီလမ်းဆုံ၌ ကျော်ဇင်ဦးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ နံနက် ၉ နာရီခွဲအချိန်တွင် (ဌ)ရပ်ကွက်၊ ဝေဘာဂီလမ်းမပေါ်၌ မျိုးဝင်းအောင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းနှင့် ည ၁၁ နာရီခွဲအချိန်တွင် ပုဂံလမ်းမပေါ်၌ ကျော်ထက်အောင် ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းတည့် ၁၂ နာရီ ၄၀  အချိန်တွင် နိုင်ထွေးထံမှ အရိုးအသွား(၁၁) လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် သက်စိုးအောင်ထံမှ အရိုးအသွား(၅)လက်မ ခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲအချိန်တွင် အလယ် ကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုန်၊ မောင်သန်းလမ်းမပေါ်၌ ဓါးကိုင်သောင်းကျန်းနေသော မျိုးလှိုင်ဦးထံမှ အရိုးအသွား (၁၅)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားရှည်တစ်ချောင်းကိုလည်းကောင်း၊

သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် ထွန်းလင်းကျော်ထံမှ အရိုးအသွား (၁၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ