နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
iOS 13 ရရှိပြီးဖြစ်သော iPhone အားလုံးတွင် iOS 14 ရရှိမည်

ဇွန်  ၅


iOS 14 ကို လက်ရှိအချိန်မှာ iOS 13 ရရှိထားသည့် iPhone အားလုံးတွင် ရရှိမည်ဖြစ်ကြောင်း သိရသည်။ iOS 14 Update ရရှိရန် သေချာနေသည့် iPhone များမှာ iPhone SE (2020) ၊ iPhone 11 ၊ iPhone 11 Pro ၊ iPhone 11 Pro Max ၊ iPhone XS ၊ iPhone XS Max ၊ iPhone XR ၊ iPhone X ၊ iPhone 8 XR ၊ iPhone 8 Plus ၊ iPhone 7 ၊ iPhone 7 Plus ၊ iPhone SE ၊ iPhone 6s ၊ iPhone 6s Plus ၊ iPod Touch(7th Gen) တို့ ဖြစ်သည်။


Apple က ဇွန်လ ၂၂ ရက်တွင် WWDC ကို အွန်လိုင်းက ကျင်းပကာ iOS 14 Beta ဗားရှင်း စတင်ပေးလာမည် ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းထွက် iPhone 12 မှာ Stable ဗားရှင်း စတင်ပါဝင်လာမည်ဖြစ်သည်။ Apple က iOS 14 မှာလည်း ယခင် iOS များကဲ့သို့ စနစ်သစ်များစွာ ထည့်သွင်းလာရန် သေချာနေသည်။


iPhone 6s ကို iOS 14 Update ပေးရန် Apple ၏ လုပ်ဆောင်ထားမှုက ကျေနပ်စရာကောင်းသလို iPhone SE ကိုလည်း Update ပေးမည်ဖြစ်သောကြောင့် ကျေနပ်စရာကောင်းသော သတင်းဖြစ်သည်။


သို့သော် ယင်းဖုန်းများအတွက် iOS 14 Update က နောက်ဆုံး Update ဖြစ်လာရန် သေချာနေပြီး iOS 15 ကို ထပ်မံရရှိတော့မည်မဟုတ်ကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ