နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Honor က Play 4 နှင့် Play 4 Pro စမတ်ဖုန်းသစ်ကို ကြေညာ

ဇွန်  ၅


Honor က စမတ်ဖုန်းသစ်နှစ်လုံးဖြစ်သည့် Play 4 နှင့် Play 4 Pro ကို ကြေညာလာသည်။ Honor Play 4 မှာ မျက်နှာပြင် ၆ ဒသမ ၈၁ လက်မ IPS LCD 1080p+ Resolution သုံးထားပြီး လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားသည်။


Play 4 ကို MediaTek Dimensity 800 ဖြင့် ပါဝါထောက်ပံ့ထားသည်။ 4x Cortex-A76 Cores ၊ 4x A55 Cores နှင့် Mali-G57 MC4 GPU ပါဝင်သည်။ Chip ကို 991mm2 Vapor Chamber ကာကွယ်ထားခြင်းကြောင့် ဖုန်းပူမှုကို တားဆီးပေးနိုင်သည်။


Punch-Hole မှာ ရှေ့ကင်မရာ 16MP ထည့်သွင်းထားသည်။ ကျောဘက်ကင်မရာလေးလုံး ပါဝင်ကာ အဓိက ကင်မရာက 64MP ဖြစ်သည်။ ကျန်ကင်မရာများက 8MP Ultrawide + 2MP Macro + 2MP Depth တို့ဖြစ်ပြီး အဓိကကင်မရာဖြင့် 4K@30fps ဗီဒီယိုရိုက်ကူးနိုင်သည်။ ဘက်ထရီ 4300 mAh ပါဝင်ကာ 22.5W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။


RAM8GB နှင့် Storage 128GB ပါဝင်ပြီး microSD ကနေ ထပ်တိုးနိုင်မည်ဖြစ်ကာ Dual SIM ထောက်ပံ့ထား သည်။ Honor Play 4 ကို အပြာရောင်နှင့် အနက်ရောင်တို့ကို ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၂၈၀ သတ်မှတ်ထားသည်။


Honor Play 4 Pro မှာ မျက်နှာပြင် ၆ ဒသမ ၅၇ လက်မ LCD 1080p+ နှင့် Dual Punch-Hole သုံးထားကာ 32MP+8MP Ultrawide သုံးထားသည်။ Kirin 990 ဖြင့် ပါဝါထောက်ပံ့ထားပြီး Android 10 အခြေခံ Magic UI 3.1 သုံးထားသည်။


ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပြီး အဓိကကင်မရာက 40MP Sony IMX600 RYYB Filter ဖြစ်သည်။ ပုံမှန်ဆင်ဆာများထက် အလင်းပေးမှု ၄၀ ရာခိုင်နှုန်းအထိ မြင့်မားကာ iSO 204,800 အထိ ပေးနိုင်သည်။ ဒုတိယကင်မရာက 3x Optical Zoom (5x Hybrid Zoom မှ 30x Digital Zoom) သုံးနိုင်ပြီး Optical Image Stabilization (OIS) ဖြစ်ကာ Autofocus ပါဝင်သည်။ 4K/60fps ဖြင့် ဗီဒီယို ရိုက်ကူးနိုင်ပြီး အဓိကကင်မရာမှာ OIS မပါဝင်ပေ။


အဆိုပါဖုန်းမှာ ဘက်ထရီ 4200 mAh ပါဝင်ပြီး 40W Fast Charging သုံးထားကာ RAM8GB နှင့် Storage 128GB ရရှိမည်ဖြစ်သည်။ Honor Play 4 Pro ကို အပြာရောင်နှင့် အနက်ရောင်တို့ကို ရွေးချယ်နိုင်ပြီး ဈေးနှုန်း အနေဖြင့် ဒေါ်လာ ၄၁၀ သတ်မှတ်ထားသည်။                                                                           

(သူရိန်)






အခြားဆက်စပ်သတင်းများ