နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးလောက်လမ်းနှိမ်နှင်းရေး

ရန်ကုန်   ဇွန်  ၅


၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ မေ ၁၆ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူပေါင်း ၁၂၀၈ ဦးရှိပြီး သေဆုံးသူ ၈ ဦးရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံး ဖြစ်ပြီး ဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် ၃၂၅ ဦးဖြစ်ပြီး သေဆုံးသူ ၄ ဦးရှိကြောင်း သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားသည်။


သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ်ခြင်အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အဆိုပါခြင် သည် နေ့အခါတွင်အစာရှာထွက်လေ့ရှိပြီး လူ၏အရေပြားမှ သွေးစုပ်ယူတတ်သည်။ အေဒီးစ်ခြင်အကိုက်ခံရမှု ကြောင့် ယင်းသယ်ဆောင်လာသော‌ သွေးလွန်တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများပျံ့နှံ့သွားပြီး ရောဂါကူးစက်ခံရ ခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်အမျိုးအစားဖြစ်သော်လည်း ဗိုင်းရပ်စ်ပိုးသယ် ဆောင်ထားမှသာလျှင် သွေးလွန်တုပ်ကွေးသည် အမှန်တကယ်ဖြစ်စေနိုင်သည်။


သွေးလွန်တုပ်ကွေးအဖျားရောဂါသည် ပုံမှန်ရာသီအကူးအပြောင်းတွင်ဖြစ်ပွားတတ်သည့် အခြားတုပ် ကွေးရောဂါလက္ခဏာများနှင့် ကွာခြားမှုမရှိသောကြောင့် မိဘများ၊ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ အနေဖြင့် တုပ်ကွေးဖျား(အထူးသဖြင့် ကလေးသူငယ်များ)ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ချေ ကို အစဉ်အမြဲထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဦးစီးဌာနက အသိပေးထားသည်။ သွေးလွန် တုပ်ကွေးဖြစ်ပွားပါက အမြန်ဆုံးဆေးရုံသို့သွားရောက်ကုသရန် အရေးကြီးသည်။


သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကာကွယ်ရန်အရေးကြီးဆုံးသောအချက်မှာ မိမိတို့သားသမီးများ ခြင်အကိုက်မခံရအောင် အထူးသတိပြုကာကွယ်ခြင်းပင်ဖြစ်သည်။ နေ့ခင်းအိပ်စက်သည့်အခါ ခြင်ထောင်ဖြင့် အိပ်စက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါကိုဖြစ်စေသည့်ခြင်များ၊ မိမိတို့ရုံး၊ အိမ်၊ ကျောင်းပတ်ဝန်းကျင်တွင်ပေါက်ပွား ခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဟူသော ဆောင်ပုဒ်အတိုင်း ပိုးလောက်လမ်းနှိမ်နှင်းရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။


အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့်ခြင်သည် ရေကြည်၊ ရေသန့်တွင်ပေါက်ပွားတတ် သောကြောင့် အိုးများ၊ ရေကန်များကို ဖုံးအုပ်ထားသင့်၏။ ပိုးလောက်လမ်းများ မပေါက်ပွားစေရန် အဘိက် ဆေးခတ်ခြင်း၊ ခြင်တောင်ဆေးစိမ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး၊ မိမိပတ်ဝန်းကျင်တွင် ချုံ၊ နွယ်၊ အမှိုက် သရိုက်များရှင်းလင်းခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင်စီမံခြင်းတို့ကို ပူးပေါင်းဆောင်ရွက်စေချင် ကြောင်း ။        ။






အခြားဆက်စပ်သတင်းများ