နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ လူတိုင်း ကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ လူတိုင်း အသက်ရှင် ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးသည် ကျန်းမာရေး စောင့်ရှောက်မှုပင် ဖြစ်သည်။ 


လူမှုဘဝနယ်ပယ်၌ အစားအသောက်၊ အဝတ်အထည်၊ သုံးစွဲစရာပစ္စည်းများအစ ဓာတုဗေဒ ပစ္စည်းသုံးစွဲရမှုနှင့် မလွတ် ကင်းချေ။ နယ်ပယ်အသီးသီးတွင်လည်း ပလတ်စတစ်နှင့် မကင်း ပေ။ ပလတ်စတစ်သည် သူ့ချည်းသုံးစွဲခြင်းထက် ပေါင်းစပ် အသုံး ပြုပစ္စည်းပေါ်မူတည်ကာ ဓာတ်ပြုတတ်သည်။


ယနေ့စားသောက်နေသော အစားအသောက်များတွင် ဆိုးဆေးနှင့် အက်ဆစ်များ မည်မျှပါဝင်သည်ကို သာမန်အားဖြင့် မသိနိုင်ပေ။ အစားအသောက်တွင် အနံ့၊ အရသာ၊ အရောင်အဆင်း ထုပ်ပိုးမှု လွန်စွာကောင်းမွန်သော်လည်း ပါဝင်ပစ္စည်းတွင် ဘေးအန္တရာယ် ရှိ၊ မရှိ၊ သတိထားဆင်ခြင်ရန်လိုအပ်သည်။


ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အများဆုံးလွှမ်းမိုးမှုမှာ ချည်ထည် လုပ်ငန်းသုံး ဆိုးဆေးများဖြစ်သည်ဟု အစားအစာနှင့် ဆေးဝါး ဆိုင်ရာ စစ်ဆေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဆိုးဆေးနှင့် ဓာတ်ပြုထားသော အစားအသောက်များကို စားသုံး ခြင်းဖြင့် အသည်း၊ ကျောက်ကပ်နှင့် အခြားကင်ဆာရောဂါတို့ ဖြစ်စေသည်ဟု ဆိုထားသည်။ 


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံ ချက်မရှိဘဲ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော အသား ချောင်းများ စားသုံးမိ၍ဘေးဥပဒ် ဖြစ်ပွားနေကြောင်းတွေ့ရှိရ သောကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် တရားမဝင် အသားချောင်းများကို စားသုံးခြင်းမပြုရန်နှင့် ရောင်းဝယ် ဖောက်ကားသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက အများပြည်သူ သိရှိနိုင်ရေး သတိပေး ကြေညာချက်ထုတ်ပြန်ထားသည်။


သို့ဖြစ်ရာ ပြည်သူများ ကျန်းမာရေးသုခပြည့်ဝရေးအတွက် အစားအသောက်များသည် အဓိကကျလျက်ရှိရာ ထုတ်လုပ်သူ များနှင့် စားသုံးသူတို့ပါ အထူးသတိပြုဆင်ခြင်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပေသည်။






အခြားဆက်စပ်သတင်းများ