နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျိုင်းတုံ ဇွန် ၄


 ဇွန် ၂ ရက်၊ နံနက် ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းအုပ်စု၊ ဝမ်ကျန်းရွာနေ အားဆော့၏ နေအိမ်ကိုရှာဖွေရာ ယင်းလွယ်ထားသည့်လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ပြား၊ ဘိန်းစိမ်း သုည ဒသမ ၂၀၆၃၃ ကီလိုနှင့် မြန်မာငွေ ၅၀,၀၀၀ ကျပ် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် အားဆော့(၆၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

ဇွန် ၂ ရက်၊ နံနက်  ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲအုပ်စု၊ ယန်းခေါင်-စန်းလုကျေးရွာသွားတောလမ်းတွင် လော်ဒန်း(ခ)လော်တောင်း မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂,၀၀၀ ပြား၊ ထိုင်းဘတ်ငွေ ၈၅၀ ဘတ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် လော်ဒန်း(ခ)လော်တောင်း(၂၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သတင်းရရှိသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ