နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နောင်ချို ဇွန် ၄


 ဇွန် ၂ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)တွင် WISH အမျိုးအစား ခရီးသည်တင်မော်တော် ယာဉ်ကိုရပ်တန့်ရှာဖွေရာ ယာဉ်အမိုးပေါ်တွင်တင်ဆောင်ထားသည့် ခရီးသည် မခေါန်ဂျာနှင့် မလုလုပန်တို့ တင်ဆောင်လာသော မော်တော်ဆိုင်ကယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၀၀၀ ပြား၊ မြန်မာငွေ ၁၅၀,၀၀၀ ကျပ်နှင့် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မခေါန်ဂျာ(၃၃)နှစ်၊ မလုလုပန်(၂၀)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


အလားတူ ဇွန် ၂ ရက်၊ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မာနာကျေးရွာအနီး၊ ချောင်းကြီးကျေးရွာ-မာနားကျေးရွာသွားလမ်းတွင် စန်းယုနိုင်(ခ)ဘကြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ယင်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁,၀၆၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စန်းယုနိုင်(ခ)ဘကြား(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ