နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်သန့်ရှင်းသပ်ရပ်ရေး၊ စနစ်တကျအမှိုက်စွန့်ပစ်စေချင်

မြန်မာနိုင်ငံ၌   ခရီးသွားစရာနေရာများ    ပေါများလှသည်။ ပွင့်လင်းရာသီတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလည်ပတ် သွားလာကြသည်။ ခရီးသွားများက မြန်မာတို့၏ လူနေမှုဘဝ၊ ဓလေ့ထုံးစံများ၊ အံ့ချီးမကုန်သော ရှေးဟောင်းဗိသုကာအဆောက် အအုံများနှင့်သာယာလှပသော မြန်မာ့ရှုခင်းများကို ဦးစားပေး လေ့လာကြသည်။


ရန်ကုန်မြို့တော်ကြီးတွင် ရှေးဟောင်းယဉ်ကျေးမှုလက်ရာ၊ အဆောက်အအုံများ၊ ဟောင်းနွမ်းအဆောက်အအုံများ၊ သန့်ရှင်း သပ်ရပ်ရေးနှင့် သစ်လွင်တောက်ပရေးသည် နိုင်ငံ့ဂုဏ်တစ်ရပ်ဖြစ် သည်။


ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ရှေးဟောင်း သာသနိကအဆောက်အအုံများ၊ နေအိမ်ခြံစည်းရိုးများ၊ အိမ်အမိုး များသန့်ရှင်းသပ်ရပ်ရေးနှင့် သစ်လွင်လှပရေးသည် မြို့တော်၏ ပသာဒကို အားဖြည့်ပေးခြင်းပင်ဖြစ်သည်။ နေအိမ်ခြံစည်းရိုးများ၊ အိမ်အမိုးများဆေးသုတ်ခြင်း၊ တွယ်ကပ်ပေါက်နေသည့် သစ်ပင် များနှင့် ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းရန်မှာ မြို့တော်နေ ပြည်သူများတွင်လည်း တာဝန်ရှိပေသည်။


မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဘုရားကျောင်း ကန်များနှင့် လမ်းများတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များ၊ အသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိနေရ သည်။ ရပ်ကွက်၊ မြို့နယ်မှသည် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ဖြင့် မြို့တော်ကြီးတစ်ခုလုံး သာယာစိမ်းလန်းကြည်လင်သော မြို့တော်အဖြစ်၊ တွေ့မြင်ရသူတိုင်း စိတ်အေးကြည်လင်စွာခံစား ကြရမည်ဖြစ်သည်။


ရန်ကုန်မြို့တော်အတွင်း လမ်းများသန့်ရှင်းသပ်ရပ်ပြီး၊ အမှိုက် များ စနစ်တကျစွန့်ပစ်ရေး၊ ယာဉ်များစည်းကမ်းတကျသွားလာ၊ ရပ်တံ့နိုင်ရေးကို သက်ဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။ ရန်ကုန်မြို့တော်သည် မိမိတို့နိုင်ငံတွင် စီးပွား ရေးအချက်အခြာမြို့တော်တစ်ခုဖြစ်သည့်အပြင်     နိုင်ငံတကာ ဧည့်သည်များ နေ့စဉ်ဝင်ထွက်သွားလာရာ မြို့တော်လည်းဖြစ် သည်။


သို့ဖြစ်ရာ     စိတ်ကြည်လင်လန်းဆန်းစွာနေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့ကိုယ်နှိုက်က အမှိုက်ကိုစနစ်တကျ စွန့်ပစ်သည့် အလေ့အကျင့်နှင့်   မိမိပတ်ဝန်းကျင်လှပသန့်ရှင်း ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ ရန်ကုန်မြို့ကြီး သန့်ရှင်းသပ်ရပ်လှပရေးအတွက် မြို့တော်နေပြည်သူများဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသပ်ရပ်၊ သာယာစိမ်းလန်း ကြည်လင်သော မြို့တော်ဖြစ်ရေးကူညီကြရန် တိုက်တွန်းအပ်ပေ သည် ။






အခြားဆက်စပ်သတင်းများ