နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခင်ဦး၌ ဆိုင်ကယ်ခိုးယူသူတစ်ဦးအားစစ်ဆေးရာ ဆိုင်ကယ်(၁၂)စီးနှင့် ခိုးမှုကျူးလွန်သူနှစ်ဦးကို ထပ်မံဖော်ထုတ်နိုင်ခဲ့

စစ်ကိုင်း ဧပြီ ၃ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ ဆိုင်ကယ်ခိုးယူသူတစ်ဦးကို စစ်ဆေးရာမှ ခိုးမှုကျူးလွန်သူနှစ်ဦးနှင့် ခိုးယူထားသည့် ဆိုင်ကယ် ၁၂ စီးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ မတ် ၂၅ ရက် က ခင်ဦးမြို့မရဲစခန်းမှ (ပ) ၁၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉ ဖွင့်လှစ်ထား သည့် ဆိုင်ကယ်ခိုးမှုအား ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်နေစဉ် မသင်္ကာသူ (ခင်ဦးမြို့နယ် အောင်ချမ်းသာရပ်ကွက် နေထိုင်သူ) အသက် ၁၇ နှစ်အရွယ် ခန့်ညားလွင်(ခ)ရှောက်ပေါင်း (ခ)ကုလားအား ခေါ်ယူစစ်ဆေးခဲ့ရာ ရှိုင်း (ခ) ဘောကြီး (၁၉ နှစ်၊ ‌အောင်မင်္ဂလာ ရပ်ကွက်၊ ရေဦးမြို့နေသူ) နှင့် သူရိန်ရဲရင့် (ခ)ကိုကို (၂၄ နှစ်၊ နေရပ်လိပ်စာတူ) တို့နှင့်အတူ အဆိုပါဆိုင်ကယ်အား ခိုးယူခဲ့ကြောင်း မတ် ၁ ရက်​က သက်သေများရှေ့တွင် ဝန်ခံထွက်ဆိုသဖြင့် ယင်းတို့ သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းတို့ သုံးဦးကို ထပ်မံစစ်ဆေးခဲ့ရာ ခန့်ညားလွင်(ခ)ရှောက်ပေါင်း(ခ)ကုလား (၁၇ နှစ်)မှာ လွန်ခဲ့သော တစ်လခန့်က ရွှေဘိုမြို့နယ်မှ ဆိုင်ကယ် ၁ စီး၊ ရေဦးမြို့နယ်တွင် ၇ စီး၊မုံရွာမြို့နယ်တွင် ၃ စီး စုစုပေါင်း ဆိုင်ကယ် ၁၁ စီး ခိုးယူခဲ့ကြောင်း သက်သေများရှေ့တွင် ထွက်ဆိုသဖြင့် ဆိုင်ကယ်များအား လိုက်လံသိမ်းဆည်းပြီး ယင်းခိုးမှုကျူးလွန်ခဲ့သော ရွှေဘို၊ ရေဦး၊ မုံရွာမြို့မရဲစခန်းတို့မှလည်း ပြစ်မှုကျူးလွန်သူ ခန့်ညားလွင်(ခ) ရှောက်ပေါင်း (ခ)ကုလား(၁၇ နှစ်)အား ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွေဘိုခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်ဇော်မြင့်ထံမှ သိရသည်။ ရွှေမြင့်ဦး(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ