နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၄


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ ဇွန် ၃ ရက်၊ နံနက် ၂ နာရီ ၂၀ မိနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သည် ရွှေလင်ပန်းကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၌ မြတ်ဇော်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ယင်းနေ့၊မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် (၁၃)ရပ်ကွက်၊ အောင်ချမ်းသာလမ်းမပေါ်၌ ဟိန်းဇော်ထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊
မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ယင်းနေ့၊ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမပေါ်၌ စိုးသီဟ ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ညောင်ရမ်း လမ်းပေါ်၌ ဇော်လင်းဦးထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းနှင့် ၂၁၀၀ အချိန်တွင် (ည)ရပ်ကွက်၊ သုနန္ဒာလမ်း၊ မြစေတီရှေ့၌ ဟိန်းသူအောင်ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် (၉၀)ရပ်ကွက်၊ မင်းလှလမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော လှိုင်မြင်ထွန်းထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီခွဲအချိန်တွင် သီဟအောင်ထံမှ အရိုးအသွား(၈) လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် (၃၇)ရပ်ကွက်၊ တပင်ရွှေထီး လမ်းမပေါ်၌ ဓါးကိုင်သောင်းကျန်းနေသော ထက်ကျော်ဌေးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦး ချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ထောက်ကြန့်စံပြရပ်ကွက်၊ မင်္ဂလာလမ်း၌ ရဲထက်ဇော်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်း ကောင်း  သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။       


ဆွေဦး






အခြားဆက်စပ်သတင်းများ