နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဖြတ်ရောဂါ ကာကွယ်၊ ပြန်လည်ထူထောင်ရေးကြိုးပမ်း

သွေးတိုးရောဂါသည် အသက် ၄၀ ကျော် လူကြီးအတော်များ များတွင် ဖြစ်လေ့ရှိသောရောဂါဖြစ်သည်။ သွေးတိုးရောဂါဟုဆို သဖြင့် ခန္ဓာကိုယ်ထဲတွင်လှည့်ပတ်နေသော သွေးလွှတ်ကြော၊ သွေးပြန်ကြောမှ သွေးများတိုးပွားလာခြင်းမဟုတ်ပါ။ ခန္ဓာကိုယ် အနှံ့အပြားသို့ သွေးရောက်ရှိစေရန် နှလုံးမှသွေးကိုညှစ်ပို့ရသည်။ ညှစ်ပို့ရသော သွေးဖိအားသည် ပုံမှန်မဟုတ်တော့ဘဲ ပုံမှန်ထက် ပို၍တိုးလာခြင်း၊ သွေးပိုညှစ်သည့် ဖိအားတိုးလာခြင်းကို သွေးတိုး ရောဂါဟုခေါ်သည်။


သွေးတိုးခြင်း၏ နောက်ဆက်တွဲအဖြစ် လေဖြတ်ခြင်းကြောင့် ကမ္ဘာပေါ်တွင် လေးစက္ကန့်တိုင်း လူတစ်ဦးမသန်စွမ်းဘဝသို့ရောက် လျက်ရှိသည်ဟု ဆိုထားသည်။ သွေးတိုးကြောင့် လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ အသက်သေဆုံးရသူများရှိသည်။


လေဖြတ်ရောဂါသည် ဦးနှောက်သို့ သွေးသွားလာစီးဆင်းမှု ရပ်ဆိုင်းသွားခြင်း (သို့မဟုတ်)  လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောရလဒ်ဖြစ်သည်။ လေဖြတ်ရောဂါအမျိုးအစားကြီး နှစ်မျိုးရှိပြီး ယင်းတို့မှာ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း နှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။


လူ့ခန္ဓာကိုယ်၏     အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သည့် ဦးနှောက်သည် ၎င်းလုပ်ငန်းများပုံမှန်ဆောင်ရွက်နိုင်ရန် လုံလောက် သော သွေးပမာဏကိုမရရှိပါက အဆိုပါဦးနှောက်အစိတ်အပိုင်းနှင့် သက်ဆိုင်သောခန္ဓာကိုယ်အစိတ်အပိုင်း၏လုပ်ငန်းများရပ်ဆိုင်း သွားပြီး လေဖြတ်ရောဂါလက္ခဏာများဖြစ်ပေါ်လာခြင်းဖြစ်သည်။


ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက် များအရ   ကမ္ဘာပေါ်တွင် တစ်နှစ်လျှင်   လူဦးရေ ၁၅ သန်းမှာ လေဖြတ်ရောဂါခံစားရပြီး    ယင်းတို့အနက်    ခြောက်သန်းမှာ အသက်ဆုံးရှုံးလျက်ရှိနေကြောင်း သိရသည်။


လေဖြတ်ရောဂါကြိုတင်ကာကွယ်နိုင်ရန် သွေးပေါင်မှန်မှန် ချိန်ခြင်း၊ အချို၊ အဆီ၊ အငန်ဓာတ်လွန်ကဲသော အစားအသောက် များကို ရှောင်ခြင်း၊  ကိုယ်လက်လှုပ်ရှားမှု  မှန်မှန်ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သင့်သည်။


လေဖြတ်မှုများတွင် အသက် ၂၀ မှ ၆၄ နှစ်ကြား သက်လတ် ပိုင်းများသည် ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သောနှစ် ၂၀ ကထက်ပိုမိုမြင့်တက်လာကြောင်း သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။ အရွယ်ငယ်သက်လတ်ပိုင်းများတွင် လေဖြတ် ခြင်းများသည် ကြောက်ခမန်းလိလိတိုးတက်လာခဲ့သည်ဟုဆိုသည်။


ကမ္ဘာအနှံ့လေဖြတ်ခြင်းပြဿနာမှာ လျင်မြန်စွာကြီးထွားလာ မှုကြောင့် လေဖြတ်သည့်ဘေးမှ ကာကွယ်ရေးနည်းလမ်းများ၊ ပြန်လည်ထူထောင်ရေးမဟာဗျူဟာများ ရေးဆွဲထိန်းချုပ်နိုင်မှု များလိုအပ်နေသည်ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ များအလေးထားပါဝင်ဆောင်ရွက်ရန် တိုက်တွန်းရပေသည်။






အခြားဆက်စပ်သတင်းများ