နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးရောဂါသတိပြုပါ

လူတို့၏နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာသည်နှင့် အမျှ အဖြစ်အများဆုံးရောဂါများတွင် နှလုံးရောဂါ ပါဝင်လာသည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက် နှလုံးဖောက်ပြန်ရောဂါ စသည့် နှလုံးရောဂါများသည် လူကိုအန္တရာယ်ပြုစေနိုင်သောရောဂါ များပင်ဖြစ်၏။


ကမ္ဘာတွင် ရုတ်တရက် နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးသူဦးရေ ၁၇ ဒသမ ၃ သန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး၏ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံးသွေးကြော ရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ကမ္ဘာတစ်ဝန်းကျန်းမာရေးအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ရုတ်တရက် နှလုံး‌ဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း ၏ အဓိကအကြောင်းရင်းမှာ ရောဂါကို ကြိုတင်မသိခြင်း၊ ရောဂါရှိ ကြောင်းသိသော်လည်း ပေါ့ပေါ့တန်တန်နေထိုင်စားသောက်နေ ခြင်း၊   ကျန်းမာရေးစစ်ဆေးမှုအားနည်းခြင်း၊  နှလုံးရောဂါနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို လျစ်လျူရှုထားခြင်း စသည်တို့ကြောင့်ဖြစ်သည်။


နှလုံးရောဂါသည် ဖြစ်ပြီဆိုလျှင် ကုန်သရန်ခက်ခဲလှသည်။ နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို များများစားသုံးခြင်း၊ အငန်၊ အချို၊ အဆီ၊ အဆိမ့်များလျှော့၍စားသုံးခြင်း၊ အရက်နှင့်ဆေးလိပ်သောက်သုံးမှု ရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကို ဂရုပြုကာကွယ်ထိန်းသိမ်းခြင်း၊ ပုံမှန် လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ခြင်း စသည်တို့လိုက်နာဆောင်ရွက် သင့်သည်။


လူအချို့စားသုံးသော အဓိကဟင်းလျာများတွင် အငန်၊ အချို နှင့် အဆီဓာတ်များ ပိုကဲစွာတွေ့ရတတ်သည်။ အချို့က အဆီများ ခြင်း အန္တရာယ်ကို သတိမထားမိကြ။ ထို့ကြောင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များက အသားမှထွက်သောဆီထက်၊ ဟင်းသီးဟင်းရွက် နှင့် ငါးမှရသော ဆီကိုသုံးရန် ညွှန်းဆိုကြခြင်းဖြစ်သည်။ 


သို့ဖြစ်ရာ လူတို့အနေဖြင့် နှလုံးရောဂါကြောင့် သေဆုံးရခြင်းမှ ကင်းဝေးစေရန် ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက် သည်ဆိုသည့်စကားအတိုင်း အနေ၊ အထိုင်၊ အစားအသောက် တို့ကို သတိပြုစားသောက်နေထိုင်သင့်ကြောင်း တိုက်တွန်းနှိုးဆော် အပ်ပေသည် ။






အခြားဆက်စပ်သတင်းများ