နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နှင့် ဥရောပ ကုန်ရထားပြေးဆွဲမှုခေါက်ရေ ငါးသောင်းကျော်ရှိလာ

ပေကျင်း   ဖေဖော်ဝါရီ   ၁


လက်ရှိ ကပ်ရောဂါကာလတွင် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများအကြား ရထားဖြင့် ကုန်စည်ပို့ဆောင်ရာတွင် ဥရောပနိုင်ငံပေါင်း ၂၃ နိုင်ငံနှင့် မြို့ပေါင်း ၁၈၀ သို့ပို့ဆောင်နေရာလက်ရှိတွင် ပြေးဆွဲမှုခေါက်ရေ ငါးသောင်းကျော်ရှိ လာပြီဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၃၁ ရက်တွင် အဆိုပါရထားလမ်းမှ ကုန်စည်ပို့ဆောင်ရေး ခရီးကြိမ်ရေ အခေါက်ပေါင်း ငါးသောင်းပြည့်သွားပြီး ကန်ဒေါ်လာ ၂၄၀ ဘီလီယံနှင့်ညီမျှ သောကုန်သွယ်ရေးပမာဏကို ထိုရထား လမ်းမှပို့ဆောင်နိုင်ခဲ့ကြောင်း တရုတ် မီးရထားလမ်းအုပ်စု၏ အချက်အလက် များတွင်ဖော်ပြထားသည်။ 


ထိုကုန်သွယ်ရေး ရထားလမ်းမှ ကုန်သွယ်မှုပမာဏသည် ၂၀၁၆ ခုနှစ် တွင် ကန်ဒေါ်လာ ၈ ဘီလီယံသာရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၇၄ ဒသမ ၉ ဘီလီယံ အထိမြင့်တက်လာခဲ့ပြီး ရထားလမ်းမှ ကုန်စည်ပို့ဆောင်မှုများကြောင့် ကပ် ရောဂါကာလအတွင်း ကုန်စည်များ လုံလောက်စွာရရှိမှုအတွက် အထောက် အကူပြုလျက်ရှိသည်။  


ပုံမှန်အားဖြင့် တရုတ်နိုင်ငံမှ ဥရောပ သို့ကုန်စည်များရောက်ရှိနိုင်ရန် ၁၂ ရက် ခန့်ကြာမြင့်ပြီး သင်္ဘောဖြင့် ကုန်စည် ပို့ဆောင်မှုထက် ပိုမိုလျင်မြန်ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့်ဥရောပနိုင်ငံ များအကြား စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန်ပမာဏသည် ၂၀၂၁ ခုနှစ်တွင် ၂၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်သွားပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၂၈ ဒသမ ၁၁ ဘီလီယံခန့်ရှိကြောင်း တရုတ်အခွန်စည်းကြပ်ရုံးမှ ထုတ်ပြန် ထားသည်။ 

(Ref: XinhuaNet)






အခြားဆက်စပ်သတင်းများ