နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မကာအို ဒုတိယအကြီးဆုံးလောင်းကစားရုံ အကြီးအကဲ ဖမ်းဆီးခံရ

မကာအို   ဖေဖော်ဝါရီ   ၁


တရုတ်တောင်ပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရမကာအိုမြို့ရှိ ဒုတိယ အကြီးဆုံးလောင်းကစားရုံ အကြီးအကဲ တစ်ယောက်ကို မကာအိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်သည်။ 


ယင်းသို့လုပ်ဆောင်ခြင်းမှာ ဒေါ်လာ ဘီလီယံချီလည်ပတ်နေသည့် လောင်း ကစားလုပ်ငန်းများအပေါ် တာဝန်ရှိသူ များဘက်မှ ပိုမိုတင်းကြပ်လာခြင်း ဖြစ်ပြီး သမ္မတရှီကျင့်ဖျင်၏ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက် များကြောင့် မကာအိုမြို့နှင့် လောင်း ကစားကဏ္ဍများတွင် စည်းမျဉ်း စည်းကမ်းများကို အစိုးရအနေဖြင့် ပိုမို ပြဌာန်းလာခြင်းဖြစ်သည်။ 


ဖမ်းဆီးခံရသူမှာ မကာအိုမြို့ရှိ ဒုတိယအကြီးဆုံး ကာစီနိုလောင်း ကစားရုံ Tak Chun အုပ်စုတည်ထောင် သူ၊ ပြည်မကြီးမှ လက်ကြီးကစားသမား များကိုခေါ်လာသူဖြစ်သည့် Chan Wen-ling ဖြစ်ပြီး ယင်းကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၃၁ ရက်တွင် ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။ 


အွန်လိုင်းမှတစ်ဆင့် လောင်းကစား လုပ်နိုင်ရန် Chan နှင့် အကြီးတန်း အရာရှိ ၁၀ ဦးတို့သည် ဖိလစ်ပိုင် နိုင်ငံတွင် ဖန်တီးလုပ်ဆောင်ခဲ့ကြပြီး ပြည်မကြီးရှိ လောင်းကစားသမား များကို ဆွဲဆောင်ခဲ့ကြကြောင်း မကာအိုအစိုးရရှေ့နေများက စွပ်စွဲကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ 


ပေါ်တူဂီအုပ်ချုပ်မှုအောက် ရောက် ဖူးသည့် မကာအိုသည် လောင်းကစား လုပ်ငန်းများကို တရားဝင်ခွင့်ပြုထား သည့် တစ်ခုတည်းသော တရုတ် ပိုင်နယ်မြေဖြစ်သည်။             (ref:BBC)






အခြားဆက်စပ်သတင်းများ