နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုင်ယာလန် ကန့်ကွက်၍ စစ်ရေးလေ့ကျင့်မှု နေရာပြောင်းမည်ဟု ရုရှားပြော

မော်စကို  ဖေဖော်ဝါရီ   ၁


အိုင်ယာလန်ကမ်းလွန်တွင် ပြုလုပ် မည့် ရေတပ်စစ်ရေးလေ့ကျင့်မှုကို အိုင်ယာလန်နိုင်ငံအနေဖြင့် စိုးရိမ် ကြောင်း ဖော်ပြခဲ့ခြင်းကြောင့် အခြား နေရာတွင် ရွှေ့ပြောင်းလေ့ကျင့်မည် ဖြစ်ကြောင်း ရုရှားကထုတ်ပြန်ကြေညာ လိုက်သည်။ 


အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကနဦးတွင် အိုင်ယာလန်နိုင်ငံအနောက် တောင်ပိုင်းကမ်းလွန် ကီလိုမီတာ ၂၄၀ အကွာတွင် ဖေဖော်ဝါရီ ၃ ရက်မှ ၈ ရက်အထိပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

 

ယင်းနေရာသည် နိုင်ငံတကာ ရေပိုင်နက်ဖြစ်သော်လည်း အိုင်ယာလန် ၏ သီးခြားစီးပွားရေးဇုန်အတွင်း ကျရောက်နေသည့်အပြင် အိုင်ယာလန် နိုင်ငံသည် မြောက်အတ္တလန္တိတ် မဟာမိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် နိုင်ငံမဟုတ်သည့်အတွက် ယင်း၏ ပိုင်နက်အတွင်း လာရောက်လေ့ကျင့် မည်ကို ကန့်ကွက်ထားခြင်းဖြစ်သည်။ 


အိုင်ယာလန်၏ သဘောထား မှတ်ချက်များကြောင့် ရုရှားအနေဖြင့် စစ်ရေးလေ့ကျင့်မှုကို ငါးဖမ်းလုပ်ငန်း များမထိခိုက်စေရန် အိုင်ယာလန်၏ သီးခြားစီးပွားရေးဇုန် ပြင်ပသို့ပြောင်းရွှေ့ ပြုလုပ်မည်ဖြစ်ကြောင်း အိုင်ယာလန်ရှိ ရုရှားသံအမတ်ကြီး ယူရီဖီလာတော့က ယင်း၏ လူမှုကွန်ရက်မှတစ်ဆင့်ပြန်လည် ပြောကြားထားသည်။           (Ref: AP)






အခြားဆက်စပ်သတင်းများ