နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေလုပ်ငန်းရှင်များအသင်းရုံးသို့ ရွှေရောင်းသူပိုများ

ရန်ကုန် ဇန်နဝါရီ ၃၁


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးသို့ ယခင်က တစ်ရက်လျှင်ရွှေပိဿာ ၅၀ နီးပါး နေ့စဉ် လာရောက်ဝယ်ယူမှုများ ရှိခဲ့ရာမှ လက်ရှိတွင် လာရောက်ရောင်းချမှု များသာရှိနေကြောင်း သိရသည်။


“လာဝယ်တယ်ဆိုတာ ထက် လာရောင်းတဲပိသာချိန် ၅၀လောက် ကိုကျနော်တို့ အသင်းရုံးက လက်ခံ ပြီးတော့ ဝယ်ပေးနေပါတယ်။ ဈေး တက်တဲ့ အချိန်တုန်းက ၂၂ သိန်း တုန်းကတော့ ဘဏ်တွေကကောလ ဟလတွေ၊ လမ်းပိတ်တာတွေ၊ ရွှေရှားပါးတာတွေ၊ ဆိုင်တွေ ကလည်း  ကိုဗစ်နဲ့ ပိတ်ထားတဲ့အခါ ကျတော့ ပစ္စည်းရှားတာပေါ့။ အခု ကျတော့ အဲဒါတွေအကုန်လုံး ပြောင်းပြန် ဖြစ်သွားတယ်ဗျ။ ဆိုင်တွေ အားလုံးပြန်ဖွင့်တော့ အထည်ပျက် ကုန်ကြမ်းတွေဝင်လာပြီ။ ရွှေကလည်း သယ်ယူလို့ လွယ်သွားပြီ။ ရွှေသန့်စင် တဲ့နေရာတွေမှာလည်း ကုန်ကြမ်း ပစ္စည်းတွေ အလုံအလောက်ရှိသွား ပြီပေါ့။ သယ်ယူပို့ဆောင်ရေးတွေ လည်း လွယ်လာပြီ။ 


နောက်ဗဟို ဘဏ်ကလည်း  မကြာမကြာဒေါ်လာ ထုတ်ရောင်းပေးတဲ့အတွက် ဒေါ်လာ ဈေးကို ထိန်းပေးတဲ့အတွက်ရွှေဈေး ကလည်း ပြန်ပြီးတော့ ဈေးကျသွား တာပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့် ကပြောပြသည်။


ဇန်နဝါရီ ၂၉ ရက်နေ့ ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ ရွှေဈေး နှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၁,၈၆၉,၅၀ဝ ကျပ် ဈေးနှုန်းရှိကြောင်း သိရသည်။


ထိုအပြင်  ပွင့်လင်းရာသီဖြစ်ပြီး သာမန်အားဖြင့် ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းမည့်အချိန် ဖြစ်သော် လည်း ကမ္ဘာ့ရွှေဈေးအပြောင်းအလဲ ပေါ်မူတည်ကာ ပြည်တွင်း ရွှေဈေး နှုန်းသည်လည်း ပြောင်းလဲလာနိုင် ကြောင်း သိရသည်။


ဗဟိုဘဏ်က ဦးဆောင်ပြီး ရွှေဈေးနှင့် ငွေကြေးဈေးကွက်စောင့် ကြည့်ကြပ်မတ်ရေး လုပ်ငန်းကော်မတီ ကိုဖွဲ့စည်းခဲ့ခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းများ တည်ငြိမ်လာနိုင် ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ် ကြသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ