နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်အရှေ့ခြမ်းသို့ နှင်းမုန်တိုင်း တိုက်ခတ် ကမ်းရိုးတန်းဒေသများ ရေကြီးရေလျှံဖြစ်ပွား

ဝါရှင်တန်   ဇန်နဝါရီ    ၃၁


အမေရိကန် အရှေ့မြောက်ဘက် တွင် ဆောင်းရာသီ မုန်တိုင်းကျရောက် ပြီးအအေးလွန်ကဲလာနိုင်ကြောင်း သတိ ပေးချက်ထုတ်ပြန်ထားချိန် ဇန်နဝါရီ ၃၀ ရက်တွင် ဟာရီကိန်းမုန်တိုင်းနီးပါး ပြင်းထန်သည့် လေမုန်တိုင်းတိုက်ခတ် ခြင်းကြောင့် အချို့နေရာများတွင် နှင်းများဖုံးလွှမ်းနေပြီး ကမ်းရိုးတန်း ဒေသများတွင် ရေကြီးရေလျှံခြင်းများ ကြုံနေရသည်။ 


နယူးယောက်နှင့် ဘော့စတွန် အပါအဝင် လူဦးရေထူထပ်သည့် မြို့ကြီး အချို့နှင့် အရှေ့မြောက်ပိုင်း ပြည်နယ် ၁၀ ခုရှိ နေရာအချို့တွင်မုန်တိုင်း ဒဏ် ခံနေရခြင်းဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၃၀ ရက်တွင် နယူးဂျာစီ ကမ်းရိုးတန်းနှင့် နယူးယောက် အရှေ့ဘက် Long Island အချို့နေရာ များတွင်ကျသည့် နှင်းထုမှာ ၁၈ လက်မကျော်ရှိနေပြီး အတ္တလန္တိတ် သမုဒ္ဒရာကမ်းရိုးတန်းအနီး ဒေသများ တွင် နှင်းထုမှာ ၂ ပေအထိ ကျနေကာ လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၇၀ နှုန်းရှိနေသည်။ 


ဆိုးဝါးသည့် ရာသီဥတုကြောင့် နယူးဟမ့်ရှိုင်းယား၊ နယူးယောက်နှင့် ဘော့စတွန် မြို့ကြီးများအတွက် လေယာဉ်ခရီးစဉ် ၄,၅၀၀ ကျော်ကို ဖျက်သိမ်းထားပြီး ဘော့စတွန်မှ ဝါရှင်တန်ဒီစီသို့ ပြေးဆွဲနေသည့် မြန်နှုန်းမြင့် Acela ရထားခရီးစဉ် တစ်ချို့လည်း ဖျက်သိမ်းထားကြောင်း သိရသည်။


နယူးဟမ့်ရှိုင်းယား ပြည်နယ် တွင်းရှိ မြစ်ကမ်းစပ်မြို့အချို့မှလူများ ကို ကုန်းမြင့်အပိုင်းသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက သတိပေးထားသည့် အပြင် လူများလမ်းပေါ်မထွက်ရန် ဆော်သြထားပြီး မက်ဆာချူဆက် ပြည်နယ်တွင်မူ စျေးဆိုင်နှင့် လူနေအိမ် အလုံးပေါင်းတစ်သိန်းကျော်မှာ အချိန် အတော်ကြာ မီးပြတ်လျက်ရှိနေ ကြောင်း သိရသည်။            

  (ref:AFP)






အခြားဆက်စပ်သတင်းများ