နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ကတ်ပြားလုပ်သူ သူနာပြုနှစ်ဦး နယူးယောက်တွင် ဖမ်းဆီး

နယူးယောက်  ဇန်နဝါရီ    ၃၁


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ကြောင်း ကတ်ပြားအတုများလုပ်ပြီး ဒေါ်လာ ၁ သန်းခွဲရယူခဲ့ကြသည့် Long Island အရပ်မှ သူနာပြုနှစ်ယောက်ကို နယူးယောက် အာဏာပိုင်များက ဇန်နဝါရီ ၃၀ ရက်တွင်ဖမ်းဆီးလိုက်ပြီး နောက် ပြည်သူများအနေဖြင့်ကာကွယ် ဆေးထိုးပြီးကြောင်း ကတ်ပြားအတု များမပြုလုပ်ကြရန် သတိပေးပြောကြား လိုက်သည်။ 


နယူးယောက်တွင် ကိုဗစ်ကာကွယ် ဆေးထိုးပြီးကြောင်း ကတ်ပြားပြုလုပ် ရာတွင် လူကြီးတစ်ယောက်လျှင် ဒေါ်လာ ၂၂၀၊ ကလေးတစ်ယောက်လျှင် ၈၅ ဒေါ်လာနှုန်းပေးဆောင်ကာ ကတ် အတုလုပ်ပေးပြီး ယင်းသို့လုပ်ပေးသည့် သူနာပြု Julie နှင့် DeVuono တို့ နှစ်ဦးကို နေအိမ်တွင် ငွေသားဒေါ်လာ ၉ သိန်းနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း Suffolk ခရိုင်အစိုးရ ရှေ့နေရုံးက ပြော သည်။ 


ပြီးခဲ့သည့် ရက်ပိုင်းတွင် နယူး ဇီလန်နိုင်ငံဝန်ကြီးချုပ် Jacinda Ardern သည် အောကလင်န်မြို့သို့ လေယာဉ်စီးလာစဉ် လေယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦးထံတွင် ကိုဗစ် ၁၉ ရောဂါပိုးရှိနေခြင်းကြောင့် ဖေဖော်ဝါရီ ၁ ရက်အထိ စောင့်ကြည့်ကန့်သတ်ခံ ထားရကြောင်း တာဝန်ရှိသူများကပြော သည်။ ဝန်ကြီးချုပ်သည် ကျန်းကျန်း မာမာရှိနေသော်လည်း လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်အနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်အတု ပြုလုပ်လာခြင်းကြောင့် များစွာအခက်တွေ့ရကြောင်း ဝန်ကြီး ချုပ်က ပြောကြားသည်။ 

(ref:Reuters)






အခြားဆက်စပ်သတင်းများ