နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၀၅ ခုနှစ် နောက်ပိုင်းမွေးဖွားသူများ ဆေးလိပ်သောက်ခွင့်ပိတ်ရန် မလေးရှားအစိုးရ စီစဉ်နေ

ကွာလာလမ်ပူ  ဇန်နဝါရီ    ၃၁


၂၀၀၅ ခုနှစ်နောက်ပိုင်း မွေးဖွားသူ များကို ဆေးလိပ်နှင့် ကွမ်းယာအစရှိ သောအရာများမရောင်းချရန် မလေးရှား အစိုးရအနေဖြင့် စီစဉ်လုပ်ဆောင်နေ ကြောင်း သိရသည်။  ဇန်နဝါရီ ၃၀ ရက်ကပြုလုပ်သော အကြိမ် ၁၅၀ မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ အစည်းအဝေးတွင် မလေးရှား ကျန်းမာရေးဝန်ကြီး ခိုင်ရီဂျာမာလုဒင်း က မလေးရှားနိုင်ငံသည် လူငယ်များ ဆေးလိပ်သောက်သုံးမှုအား အဆုံးသတ် စေမည့်ဥပဒေကိုအတည်ပြုနိုင်ရန် ကြိုးစားနေကြောင်းပြောကြားလိုက် ခြင်းဖြစ်သည်။


မလေးရှားနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအစီရင်ခံစာအရ နိုင်ငံ အတွင်း အသက် ၁၅ နှစ်အောက် လူငယ် ၂၁ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် ကိုယ်တိုင် ဆေးလိပ်သောက်သူများ ဖြစ်ပြီး ကိုယ်တိုင်ဆေးလိပ်သောက်သုံး ခြင်းမဟုတ်ဘဲ အငွေ့ကိုတစ်ဆင့်ရှူ မိရာမှ သေဆုံးသူများလည်းရှိလာ ကြောင်း ဖော်ပြထားသည်။ 


ထို့ပြင် ကွမ်းယာနှင့်ပတ်သက်ပြီး လူပေါင်း၂၇၀၀၀ ခန့်မှာ နှစ်စဉ်သေဆုံး လျက်ရှိပြီး နှလုံးရောဂါ၊ ကင်ဆာနှင့် လေဖြတ်ခြင်းအစရှိသည့် ရောဂါများ မှာလည်း ဆေးလိပ်နှင့် ကွမ်းယာ အသုံးပြုခြင်းနှင့် ဆက်နွယ်နေကြောင်း ဖော်ပြထားသည်။         (Ref: Reuters)






အခြားဆက်စပ်သတင်းများ