နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ် စီးပွားရေးတိုးတက်မှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာ

ထိုင်ဝမ်    ဇန်နဝါရီ    ၃၁


ထိုင်ဝမ်၏ စီးပွားရေးသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးနှုန်း ဖြင့်တိုးတက်လာပြီး ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အိမ်မှနေ၍ အလုပ်လုပ် နေသူများ (Work from Home) ကို အထောက်အပံ့ပေးသည့် နည်းပညာ ပို့ကုန်ပမာဏကြောင့် ယခုကဲ့သို့ စီးပွားရေးတိုးတက်မှုနှုန်း လျင်မြန်လာ ကြောင်း သိရသည်။ 


ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုသည် ၆ ဒသမ ၂၈ ရာခိုင်နှုန်းတွင်ရှိခဲ့ပြီး  ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ပြန်လည်မြင့်မားလာ ခြင်းဖြစ်သည်။  ထို့ပြင် ထိုင်ဝမ်သည် Apple Inc ကဲ့သို့သော ကုမ္ပဏီကြီး များ၏ အဓိက နည်းပညာ အားထား သည့်နေရာဖြစ်သောကြောင့် နိုင်ငံ အတွင်း စီးပွားရေးသည် အခြားသော ဒေသများရှိ စီးပွားရေးတိုးတက်မှုများ ထက်မြင့်မားလာခြင်းဖြစ်သည်။ 


၂၀၂၁ ခုနှစ်အတွင်း ထိုင်ဝမ်၏ ပို့ကုန်ပမာဏသည် ၂၉ ဒသမ ၄ ရာခိုင်နှုန်းသို့ စံချိန်တင်မြင့်တက်ခဲ့ပြီး နိုင်ငံတကာ၏ နည်းပညာပစ္စည်းများ ဆိုင်ရာဝယ်လိုအားများကြောင့် ထိုင်ဝမ် ၏ စီးပွားရေးတိုးတက်မှုမြင့်မားလာ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့ရာ တွင် Capital Economics ၏ ပြော ကြားချက်အရ ထိုင်ဝမ်၏ ပို့ကုန်ကဏ္ဍ မှာမူ ယခုနှစ်တွင် တိုးတက်လာနိုင်ခြေ မရှိကြောင်း သိရသည်။ 


ထို့ပြင် ထိုင်ဝမ်၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံတွင် စီးပွားရေးတိုးတက်မှု နှေးကွေးလာသောကြောင့် ထိုင်ဝမ်၏ စီးပွားရေးကို ထိခိုက်လာနိုင်ခြေရှိနေ ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

(Ref: AFP)






အခြားဆက်စပ်သတင်းများ