နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းလိုက်နာမှုမရှိသည့် YBS ယာဉ်စီးရေ ၂၀၀၀ ကျော် အရေးယူထား

ရန်ကုန်    ဇန်နဝါရီ    ၃၁


YBS ယာဉ်လိုင်းများက စီးရေ ၂၀၀၀ ကျော်ကို စည်းကမ်းဖောက်ဖျက်သည့် တစ်နှစ်အတွင်း အရေးယူခဲ့ကြောင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီမှ သိရသည်။


ယာဉ်စီးခပိုမိုကောက်ခံသည့် ယာဉ် မောင်းများကို ငွေ ၃၀၀၀၀ ကျပ်ဒဏ်ရိုက် ပြီး ယာဉ်မောင်းခွင့် တစ်လပိတ်ပင်ကာ အရေးယူဆောင်ရွက်နေသော်လည်းအဆိုပါ ယာဉ်လိုင်းတွင် ပုံမှန်အတိုင်း ယာဉ်စီးခ ပိုမိုကောက်ခံမှုများရှိနေ၍ စီမံခန့်ခွဲမှု ကော်မတီတွင်ဆွေးနွေးပြီး ယာဉ်စီးခ ပိုကောက်ခြင်းနှင့် ယာဉ်နောက်လိုက်တင် ခြင်းတို့ကို CNG ပိတ်ခြင်း၊ လုပ်ငန်း လိုင်စင်ပိတ်အရေးယူခြင်းများ ပြုလုပ်လျက် ရှိကြောင်း YRTC တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထို့ပြင် ယာဉ်စီးခပိုမိုကောက်ခံခြင်း မရှိစေရန် YBS ယာဉ်လိုင်းအားလုံးတွင် YPS ကတ်စနစ်ဖြင့် ငွေပေးချေနိုင်မည့်စနစ် များကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ 


YRTC အောက်ရှိ လိုင်းပေါင်း ၁၂၇ လိုင်းတွင် ယာဉ်အစီးရေပေါင်း ၆၆၀၄ စီး ရှိပြီး ယာဉ်စီးရေ ၃၀၀၀ကျော်နှင့် လမ်း ကြောင်း ၁၃၆ ကြောင်းတွင် တစ်နေ့လျှင် ခရီးသည်ခြောက်သိန်းခန့်ကို သယ်ဆောင် ပြေးဆွဲပေးလျက်ရှိသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ အထိ စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေး ရေးဦးစီးဌာနသို့ပေးပို့တိုင်ကြားသည့် အမှု ပေါင်း ၄၂၄ မှုရှိပြီး ကုမ္ပဏီပေါင်း ၂၃ ခုမှ ယာဉ်အစီးပေါင်း  ၂၃၅၄ စီးကို အရေးယူခဲ့ ကြောင်း သိရသည်။       မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ