နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသားလဲလှယ်ပေးသူများကို လိမ်လည်ချိန်းဆိုကာ အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ  ၂၇


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် "kaung Wai Yan" အမည်ဖြင့် လူမှု ကွန်ရက်စာမျက်နှာ၌ ဘဏ်အကောင့် အတွင်းရှိ ငွေနှင့် ငွေသားလဲလှယ်လို ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရ သဖြင့် မရမ်းကုန်းမြို့နယ် တော်ဝင် အိမ်ရာ တိုက် (H) နေ ဦးအောင်ခန့်ဖြိုး နှင့် ဒေါ်မျိုးသန္တာညွန့်တို့ နှစ်ဦးသည် ငွေကျပ် ၅၉၅ သိန်းနှင့်အတူ YGN-3Q/9851 Swift အဖြူရောင်ယာဉ်ဖြင့် ရန်ကင်းမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ ငွေသားလဲလှယ် မည့်သူများကို စောင့်ဆိုင်းနေစဉ် YGN-6D/6839 Mark-II အဖြူရောင်ယာဉ်ဖြင့် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးကို လက်ထိပ်ခတ်ချုပ်နှောင်ကာ ၎င်းတို့၏ မော်တော်ယာဉ်အတွင်း ထည့်သွင်း၍ ငွေကျပ် ၅၉၅ သိန်းနှင့် ဒေါ်မျိုးသန္တာညွန့် ၏ ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် သုံးသိန်း စုစုပေါင်းငွေကျပ် ၅၉၈ သိန်း ခန့် လုယက်ယူဆောင်ကာ ၎င်းတို့ စီးနင်းလာသည့် ယာဉ်ဖြင့် ထွက်ပြေး သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။


အထက်ပါဖြစ်စဉ်မှ လုယက်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်သည် ယာဉ်အမှတ်၊ YGN-6D/6839 အစား 9F/1553 ပြောင်းလဲတပ်ဆင်၍ အင်းလျားရိပ်သာ လမ်းမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ထွက်ခွာသွားကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာမှ  ဖြစ်စဉ်တွင် တရားခံအမျိုးသား ၁၀ ဦးကို ငှက်ကြီးတောင်ဓား သုံးချောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၊ မော်တော် ဆိုင်ကယ် လေးစီး၊ မော်တော်ယာဉ် လေးစီး၊ ငွေစက္ကူရောရာ ကျပ် ၁၆၉၁၅၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။ 


အထက်ပါ ဖမ်းဆီးရမိ တရားခံများ ကို ဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ အမြန်ဆုံး ဖမ်းဆီးရမိရေး ၎င်းတို့ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ  ရရှိပါကသက်ဆိုင် ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့်ဖမ်းဆီး ပေးသူများအား ထိုက်တန်စွာ လျှို့ဝှက် ၍ ဆုငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း နှင့် မြို့ရွာများ  အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ် လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံကြောင်း အသိပေး ထုတ်ထားသည်။                   

   CN-MNA






အခြားဆက်စပ်သတင်းများ