နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖောက်ခွဲရေးလက်နက်များ တင်လာသည့် မှောင်ခိုသင်္ဘော အိုမန်ပင်လယ်တွင် အမေရိကန်ရေတပ် ကြားဖြတ်ဖမ်းဆီး

မူစကတ်၊  ဇန်နဝါရီ   ၂၅


အိုမန်ပင်လယ်တွင် ဖောက်ခွဲပစ္စည်း တန် ၄၀ တင်လာသည့် မှောင်ခိုကူးလာ သော ငါးဖမ်းသင်္ဘောတစ်စင်းကို အမေရိ ကန်ရေတပ်က ဇန်နဝါရီ ၂၄ ရက်တွင် ကြားဖြတ်ဖမ်းဆီးလိုက်ကြောင်း  သိရ သည်။ 


ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော USS Cole (DDG 67) နှင့် ကမ်းရိုးတန်း ကင်းလှည့်သင်္ဘော USS Chinook (PC 9) တို့သည် အီရန်မှ နိုင်ငံတကာ ရေပိုင်နက်သို့ထွက်ခွာလာစဉ်   မည်သည့် နိုင်ငံအလံမျှ လွှင့်ထူမထားသော ထို သင်္ဘောကို    သမိုင်းဝင်မှောင်ခိုလမ်း ကြောင်းတွင်  ဖမ်းဆီးမိလိုက်ခြင်းဖြစ် သည်။ 


အမေရိကန်တပ်များသည် အဆိုပါ သင်္ဘောပေါ်တွင် ဖောက်ခွဲပစ္စည်းလုပ် ရာ၌ အသုံးပြုနိုင်သော ယူရီးယားဓာတ် မြေသြဇာတန်ချိန် ၄၀ ကို တွေ့ရှိပြီး သင်္ဘောပေါ်ရှိ ကုန်စည်များနှင့် မှောင် ခိုလိုက်ပါလာသော ယီမင်သင်္ဘောသား ငါးဦးကို ယီမင်ကမ်းခြေစောင့်တပ်သို့လွှဲ ပေးခဲ့ကြောင်း သိရသည်။  


ထိုသင်္ဘောကိုပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကလည်း တရားမဝင် လက်နက်များနှင့်အတူ ဆိုမာလီကမ်း လွန်တွင် ဖမ်းဆီးမိခဲ့ပြီး ထိုစဉ်ကဖမ်း ဆီးရမိသည့် လက်နက်များတွင် AK-47 တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ အသေး စားစက်သေနတ်များ၊ ကြီးမားသော  လက်ဖြောင့်ရိုင်ဖယ်များ၊ ဒုံးပစ်လောင်ချာ များ ပါဝင်ခဲ့ကြောင်း သိရသည်။ 

(Ref: Reuters)






အခြားဆက်စပ်သတင်းများ