နယူးယောက်၊ ဇန်နဝါရီ ၂၅
လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ ကလေးငယ်များအားလုံး ပညာရေး နှင့် ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းများကို တန်းတူရရှိရန် မဖြစ်နိုင်သေး ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
စစ်တမ်းအရ ညွှန်းကိန်းများတွင် မူကြိုအရွယ် ပညာသင်ကြားမှုနှုန်း၊ ကျောင်းထွက် နှုန်း၊ ကျောင်းပြီးသည့်တိုင် ဆက်လက်တက်သူအရေအတွက်၊ ကျောင်းပြီးသည့် ကျား၊ မ ကွာဟမှု၊ စာဖတ်ခြင်းနှင့် သင်္ချာဘာသာရပ်တွင် အနည်းဆုံး ကျွမ်းကျင်မှုနှုန်း၊ လေ့ကျင့်သင်ကြားပေးထားသည့် ဆရာ၊ ဆရာမ ဦးရေ၊ ပညာရေးအသုံးစရိတ်စသည် တို့ကို လေ့လာဆန်းစစ်ထားခြင်းဖြစ်သည်။
ပညာရေးနှင့်ပတ်သက်ပြီး ကိုဗစ် -၁၉ အကျိုးဆက်များကိုထည့် မစဉ်းစားမီ ကတည်းက ကမ္ဘာ့နိုင်ငံများတွင် ကလေးများ တန်းတူပညာသင်ယူခွင့်ကျဆင်းနေ ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ပြောကြားသည်။
သန်းနှင့်ချီသော ကလေးငယ်များ ကျောင်းမတက်နိုင် ခြင်းနှင့် အရည်အသွေးမြင့် ပညာရေးသင်ယူခွင့်မရခြင်းသည် ကမ္ဘာ့ခေါင်းဆောင်များအတွက် နှိုးဆော်မှုတစ် ခုဖြစ်ကြောင်း UNESCO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ချမှတ်ထားသည့် ရည်မှန်းချက် ၁၇ ခု တွင် ပညာရေးစံနှုန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များပါဝင်ပြီး အဆိုပါရည်မှန်းချက်များကို သက္ကရာဇ် ၂၀၃၀ တွင်အောင်မြင်စွာ အကောင်အထည် ဖော်ရန် ကုလအနေဖြင့် ရည်မှန်းထားကြောင်း သိရသည်။ (Ref:BBC)