နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဇီလန်ဝန်ကြီးချုပ်မင်္ဂလာဆောင် အိုမီခရွန်ကြောင့် ဖျက်သိမ်း

ဝယ်လင်တန်၊  ဇန်နဝါရီ ၂၅


မကြာမီ ရက်ပိုင်းအတွင်း မင်္ဂလာ ဆောင်ရန် စီစဉ်ထားသည့် နယူးဇီလန် ဝန်ကြီးချုပ် ဂျေဆင်ဒါအာဒန်အနေဖြင့် သူမ၏ မင်္ဂလာဆောင်ပွဲကို သတ်မှတ် ထားသည့်အချိန်တွင် ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် မီဒီယာများသို့ ပြောကြားလိုက်သည်။ 


အိုမီခရွန် ပြန်လည်ပြန့်ပွားမှုကြောင့် နယူးဇီလန်တွင် ကိုဗစ်-၁၉ ဆိုင်ရာ တင်းကျပ်သည့် ကန့်သတ်မှုများပြန် လည်ချမှတ်မည်ဖြစ်ပြီး ထိုကန့်သတ် ချက်များတွင် ကာကွယ်ဆေးထိုးပြီးသူ များ စုဝေးခွင့်ကို အယောက် ၁၀၀ အထိ သာ ကန့်သတ် သတ်မှတ်ထားခြင်းများ လည်း ပါဝင်ကြောင်း သိရသည်။  


လက်ရှိအချိန်ထိ နယူးဇီလန်နိုင်ငံ တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူပေါင်း ၁၅၁၀၄ ဦးရှိပြီး သေဆုံးသူ ၅၂ ဦး ရှိနေ ပြီဖြစ်သည်။ နယူးဇီလန်နိုင်ငံသည် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစပြီး တင်း ကျပ်သော  ကန့်သတ်ချက်များကိုချ မှတ်ကာ ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိ ရောက်စွာ ထိန်းချုပ်နိုင်ခဲ့သော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ စတင်ဖြစ် ပွားပြီးနောက် နိုင်ငံတကာနှင့် ထိတွေ့ ခွင့်ကိုပိတ်ပင်တားမြစ်ခဲ့သော ပထမဆုံး နိုင်ငံလည်း ဖြစ်သည်။ 


နယူးဇီလန်နိုင်ငံတွင် အသက် ၁၂ နှစ်အထက် လူဦးရေ ၉၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများဖြစ်ပြီး ၅၆ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီး သူများဖြစ်ကြောင်း သိရသည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ