နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်း၌ အားအနည်းငယ်ရှိသော လာနီညာ အခြေအနေရောက်ရှိနေ

ရန်ကုန်၊ ဇန်နဝါရီ  ၂၅


အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ် သမုဒ္ဒရာ (Tropical Pacific Ocean)              ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်  လေထု ဖြစ်စဉ်များကြောင့်  ပြည်တွင်း၌ အား အနည်းငယ်ရှိသော လာနီညာ အခြေအနေ သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ကြေညာထားသည်။


နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ ၊ ယခုလက်ရှိမှ ဖေဖော်ဝါရီလ အထိ အားအနည်းငယ်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်သည် ဆို၏။ 


လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာ တွင်  ဖြစ်သော်လည်း  ယင်းကြောင့် အရှေ့မြောက် မုတ်သုံလေအားကောင်းကာ မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်း ခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေ လှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ပိုမိုဖြစ်ပေါ်လာနိုင်သည် ဟု သိရသည်။


မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက လာနီညာဖြစ်ပေါ်မှုအခြေအနေများကို အချိန် နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေး လျက်ရှိသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ