နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပြည်တွင်းခရီးသွားတချို့ ဇန်နဝါရီအတွင်းဟု တက်ရောက်ကြမည်

ရန်ကုန်၊ ဇန်နဝါရီ  ၂၅


ကချင်ပြည်နယ် ပူတာအိုမြို့ရှိ အမြင့်ပေ ၁၁၉၂၀ ပေရှိသော ဖုန်ကန်ရာဇီ ရေခဲတောင် သို့ ယခုနှစ် ဇန်နဝါရီလအတွင်း ပြည်တွင်း ခရီးသွားတချို့ တက်ရောက်မည်ဟု သိရ သည်။ ရေခဲတောင်တက်ခရီးကို မိသားစု အလိုက် တက်ရောက်ကြမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီတွင် တက်ရောက်ရန် စာရင်းပေး ထားသူများလည်းရှိကြောင်း သိရသည်။


ဖုန်ကန်ရာဇီသည် ပူတာအိုနှင့် အနီးဆုံး ဖြစ်ပြီး သာမန်သူများအနေဖြင့် ရေခဲတောင် ခရီးစဉ်များကို တက်ရောက်မည်ဆိုလျှင် ပထမဦးဆုံး တက်ရောက်လေ့လာသင့်သည့် တောင်ဖြစ်သည် ဆို၏။  


ပူတာအိုမြို့မှ တောင်ခြေရှိ နောက်ဆုံးရွာ ဇီယာဒမ်းရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက် ကာ ခြေလျင်ခရီး သုံးရက်ကြာ သွားရောက်ရ မည် ဖြစ်သည်။


ရေခဲတောင်ခရီးစဉ် မစမီ ရက် ၂၀ ခန့် တောင်အဆင်း၊ အတက် လမ်းလျှောက်ထား ရန် လိုအပ်ပြီး စက်ဘီးစီးခြင်း၊ ကြိုးခုန်ခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကာယလေ့ကျင့်ခန်း များကိုလည်း ကြိုတင်လေ့ကျင့်ထားသင့် ကြောင်း သိရသည်။ 


တောင်တက်ခရီးစဉ်အတွက် ပူတာအိုမြို့ မှ ဖုန်ကန်ရာဇီ တောင်ထိ တစ်ဦးလျှင် ကုန်ကျစရိတ်မှာ ကျပ် ကိုးသိန်းခန့်ရှိကာ အစားအစာနှင့် အထမ်းများ၊ လမ်းပြ ထမင်း ချက်များပါဝင်ကာ ညအိပ်ရန် အဆင်သင့် ရွက်ဖျင်တဲနှင့်  အိပ်ရာလိပ်များစရိတ်ပါ ပါဝင်ပြီး ခရီးသည်သည် ကိုယ်လွတ်သာ လမ်းလျှောက်ရမည်ဖြစ်သည် ဆို၏။ ဖုန်ကန်ရာဇီသို့ တက်ရောက်ရန် အကောင်း ဆုံးအချိန်မှာ နိုဝင်ဘာမှ ဧပြီအကုန်အထိသာ ဖြစ်သည်။ 


ကချင်ပြည်နယ် ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေခဲတောင် များစွာ တည်ရှိရာဒေသလည်း ဖြစ်သည်။

CN 033

ဓာတ်ပုံ မိုးမင်းသိန်း






အခြားဆက်စပ်သတင်းများ