နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေး

ရန်ကုန်  ဇန်နဝါရီ  ၂၅


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်သူများကို ယာဉ်တိုက်မှု အန္တရာယ်မှ ကင်း ရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေး အတွက် ယနေ့ နံနက် ၈ နာရီ အချိန်က သံသုမာလမ်းနှင့် ပါရမီလမ်းဆုံ၊ ပါရမီလမ်းနှင့် သစ္စာလမ်းတို့တွင် ယာဉ်စစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိ သည်။


ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှု များပြား သည့် မြို့နယ်အတွင်းရှိ သံသုမာ လမ်းမနှင့် ပါရမီလမ်းဆုံ၊ ပါရမီ လမ်းနှင့် သစ္စာလမ်းတို့တွင် ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပြီး လူစည်ကားရာနေရာ ဖြစ်သည့် ဈေးများနှင့် ယာဉ် အသွားအလာ များပြားသည့် လမ်းဆုံ၊ လမ်းမကြီးတို့တွင် ဈေးဝယ်သူ၊ ခရီးသွားပြည်သူ များ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးနှင့် ယာဉ်လမ်းရှင်းလင်း စေရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ