နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်  ဇန်နဝါရီ  ၂၅


ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင် ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ် ထိုးနှံပေး ခြင်းနှင့် ရုရှားနိုင်ငံထုတ် (Spu- tink) ကာကွယ်ဆေးထိုးနှံပေး ခြင်းကို ဇန်နဝါရီ ၂၄ ရက်တွင် အမှတ် ၁၆ ရပ်ကွက်၊ မြို့ဦး စေတီ၊ ၃၈ ရပ်ကွက်ရှိ မင်္ဂလာ အေးကျောင်းတိုက်၊ ၄၇ ရပ်ကွက် ဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် တွင် Sinovac ကာကွယ်ဆေး ဒုတိယအကြိမ် လာရောက် ထိုးနှံသူ ၅၀၉ ဦးရှိပြီး ရုရှား နိုင်ငံထုတ် (Sputink) ကာကွယ် ဆေးထိုးနှံသူ ၆၉၅ ဦးရှိကြောင်း သိရသည်။


အဆိုပါ ရုရှားနိုင်ငံထုတ် (Sputink) ကာကွယ်ဆေးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တွင် ဇန်နဝါရီ ၂၁ ရက်မှ စတင် ထိုးနှံပေးခြင်းဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ ဆေးတစ်ကြိမ်မှ မထိုးနှံရသေး သည့်သူများသာ ထိုးနှံရမည် ဖြစ်ကာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များ၊ ဖျားနာသူများ ဆေးထိုးနှံခြင်းမပြုရဘဲ ဆေး မထိုးမီ အစာ စားထားရမည်ဖြစ်   သည်။ 


အဆိုပါဆေးသည် ကိုဗစ်- ၁၉ ရောဂါကို ၉၀ ရာခိုင်နှုန်း ထိရောက်စွာ ကာကွယ်နိုင် ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြင့်မြင့်ရီ (ဒဂုံမြောက်)






အခြားဆက်စပ်သတင်းများ