နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်တော်တစ်ဝိုက် ငွေနှင်းမှို စိုက်သူများလာ၍ မှိုဈေးကျ

ရန်ကုန်  ဇန်နဝါရီ  ၂၅


နေပြည်တော်အနီးတစ်ဝိုက် တွင် ငွေနှင်းမှိုစိုက်ပျိုးသူ များပြား လာ၍ မှိုဈေး အနည်းငယ် ပြန်အေးသွားသည်။

ငွေနှင်းမှိုသည် မျိုးထုပ်များ အလွယ်တကူ ဝယ်ယူကာ အိမ်ရှင်မများကိုယ်တိုင် တစ်ပိုင် တနိုင် စိုက်ပျိုးနိုင်ခြင်း၊ ကောက်ရိုးမှိုကဲ့သို့ အပူချိန်နှင့် စိုထိုင်းဆ တွက်ဆရန်မလိုဘဲ အလွယ်တကူ စိုက်ပျိုးနိုင်ခြင်း တို့ကြောင့် စိတ်ဝင်စားသူ များ ပြားလာကာ ပိုမိုစိုက်ပျိုးလာ ကြသည်။


ကောက်ရိုးမှိုသည် အဓိက အပူချိန် လိုအပ်သဖြင့် ယခုကဲ့ သို့ အေးသောရာသီတွင် အပူ ချိန် တက်စေရန် ဆောင်ရွက်ရာ တွင် အခက်အခဲများလည်း ရှိသည်ဆို၏။


ယခင်က စီးပွားဖြစ် မှိုစိုက် တောင်သူများ၏ ငွေနှင်းမှို ဒိုင်သွင်းဈေးမှာ တစ်ပိဿာ ၂၅၀၀ ကျော်ရှိပြီး ဒိုင်က ၃၅၀၀ ကျပ်ဖြင့် ပြန်ရောင်းကြသည်။


ယခုအခါ စိုက်ပျိုးသူများ လာ၍ ဒိုင်သွင်းဈေးမှာ တစ် ပိဿာလျှင် ၂၃၀၀ ကျပ်သို့ ကျသွားကာ ရောင်းဈေးမှာလည်း ၃၀၀၀ ကျပ်သာရှိသည်ဆို၏။


ငွေနှင်းမှို မျိုးထုပ်ဈေးမှာ လက်မအရွယ်အစား အလိုက် တစ်ထုပ်လျှင် ၆၀၀ ကျပ်မှ ၆၅၀ ကျပ်ရှိသည်။

(သတင်းထောက်-ပေါက်ကျိုင်း)






အခြားဆက်စပ်သတင်းများ