နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံကဏ္ဍစုံမှ အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်

ရန်ကုန်  ဇန်နဝါရီ  ၂၅


ရန်ကုန်မြို့တော် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ ၁/၂၀၂၂ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။


အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ နှင့်တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ တက် ရောက်သည်။


ရှေးဦးစွာ ရန်ကုန်မြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကော် မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှစိုးက မိမိတို့ တာဝန်ယူသည့် ကာလ အတွင်း ရန်ကုန်မြို့တော်ကြီးကို ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျှော်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးကို စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး ကျန်းမာသန်စွမ်း၍ စိမ်းလန်း၊ သာယာ၊ သန့်ရှင်း လှပသော စည်းကမ်းပြည့်ဝ လုံခြုံသည့် တိုင်းဒေသကြီးအဖြစ် အကောင်အထည်ဖော်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက လက်တွေ့ကျသော အကြံဉာဏ် ကောင်းများဖြင့် အောင်မြင်မှုရရှိ ရေး၊ ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။ 


ထို့နောက် လုံခြုံရေးနှင့် စည်းကမ်းပြည့်ဝရေး၊ စိမ်းလန်း သာယာသန့်ရှင်းလှပရေး၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာ သန်စွမ်းရေး၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းကော်မတီ များက ကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း စဉ်များနှင့် ဆက်လက်ဆောင် ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြ သည်။


ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ မြို့တော်ဝန်၊ ဒုတိယ မြို့တော်ဝန်၊ ကော်မတီ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများ နှင့် တက်ရောက်လာသူများက ရန်ကုန်မြို့တော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အထွေထွေဆွေးနွေး ကြသည်။


ယင်းနောက် ရန်ကုန်မြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကော် မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်ရန်အတွက် တရားဥပဒေ စိုးမိုးရေးသည် အလွန် အရေးကြီးပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်သူများအတွက် ကောင်းမွန် ပြည့်စုံသော ပတ်ဝန်းကျင် တည်ဆောက်ပေးနိုင်မည်ဖြစ် ကြောင်း၊ စိမ်းလန်းသာယာသန့် ရှင်းလှပရေး လုပ်ငန်းကော်မတီ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကို မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေး စည်း ရုံး ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ကျန်းမာသန်စွမ်းရေး လုပ်ငန်းကော်မတီအနေဖြင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားသော


ညွှန်ကြားချက်များလိုက်နာစေရေး နှင့်ကြံ့ခိုင်သော ပြည်သူများဖြစ် လာစေရေး၊ အားကစားကဏ္ဍ များကိုလည်း တိုးမြှင့်ဆောင်ရွက် သွားရန်နှင့် အန္တရာယ်ရှိသော ကုန်များ ရောင်းချမှုမရှိစေရေး အထူးကြပ်မတ် ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း၊ ပြည်သူ့ ရေးရာ ဝန်ဆောင်မှုလုပ်ငန်း ကော်မတီအနေဖြင့် ဝန်ထမ်း များ စွမ်းရည်ပြည့်ဝ၍ ခံယူချက် အတွေးအမြင် ကောင်းများနှင့် ပြည့်စုံစေပြီး ပြည်သူများအပေါ် မှန်ကန်မြန်ဆန်၍ ပြေပြစ် ကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်သော ဝန်ထမ်းကောင်း များ ဖြစ်လာစေရေးအတွက် လေ့ကျင့်သင်ကြားပေးရန်နှင့် ကော်မတီအသီးသီးက ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်မှုတို့ ဖြင့် တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း နိဂုံးချုပ်စကား ပြော ကြားသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ