နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူးမြို့၌ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ စာစီစာကုံး၊ ကဗျာရေးစပ် ပြိုင်ပွဲများကျင်းပ

မင်းဘူး၊  ဇန်နဝါရီ ၂၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို   ကဗျာရွတ်ဆို၊ စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ဇန်နဝါရီ  ၂၂   ရက်က မင်းဘူး ခရိုင်ပြန်/ဆက်ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျင်းပသည်။


ထိုသို့ကျင်းပရာတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် သက် ဆိုင်သော မိမိတို့ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကို မူလတန်းအဆင့် ၁၅ ဦး၊ “ပြည်ထောင်စုနေ့ဒို့မမေ့” ခေါင်းစဉ် ဖြင့် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့် ၂၀ ဦးနှင့် “ပြည်ထောင်စု သားတို့၏တာဝန်” ခေါင်းစဉ်ဖြင့် ကဗျာရေးစပ်ပြိုင်ပွဲတွင် အထက် တန်းအဆင့် ၁၂ ဦး၊ စုစုပေါင်း  ၄၇ ဦး ဝင်ရောက် ယှဉ်ပြိုင်သည်။


အဆိုပါ ပြိုင်ပွဲများ၌ ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား၌ ဆုချီးမြှင့် မည်ဖြစ်သည်။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ