နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၁ နှစ်ပြည့် ပခုက္ကူတက္ကသိုလ် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ပခုက္ကူ၊  ဇန်နဝါရီ ၂၄


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူတက္ကသိုလ်၏ ၂၁ နှစ်ပြည့် တက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် Climate Change and It's Impacts on Socio-Economic Development နှင့် ပတ်သက်သည့် သုတေသနစာတမ်းများဖတ်ပွဲကို ဇန်နဝါရီလ ၂၃ ရက်က အဆိုပါ တက္ကသိုလ်၊ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


သုတေသနစာတမ်းဖတ်ပွဲတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့် မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယဉ်မျိုးသူ က  အွန်လိုင်းမှတစ်ဆင့် ဂုဏ်ပြုအမှာစကားပြောကြားပြီး ပခုက္ကူ တက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက သုတေသန စာတမ်းဖတ်ပွဲပြုလုပ်ခြင်းရည်ရွယ်ချက်များ၊ တက္ကသိုလ်နှင့်ဌာန (ဘာသာရပ်)များ၏ ဂုဏ်အင်္ဂါများကို တန်းဖိုးမြှင့်တင်ပေးမည့် သုတေသနစာတမ်းကောင်းများပေါ်ပေါက်လာရေးနှင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲလာခြင်း၊ ခေတ်မီနည်းပညာများထွန်းကားတိုးတက်လာ ခြင်းတို့ကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများအပေါ် အကျိုး သက်ရောက်လာသည့်အကြောင်းများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမနှင့် Theater ခန်းမ တို့တွင် Climate Change and It's Impacts on Socio-Economic Development နှင့်ပတ်သက်သည့် သုတေသနစာတမ်း ၅၁ စောင်ကို သက်ဆိုင်ဘာသာရပ်များအလိုက် စာတမ်းရှင်များက အသီးသီးဖတ် ကြားပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်း‌အောင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်း သူများက ဖတ်ကြားထားသည့် သုတေသနစာတမ်းများအ‌ပေါ်  မိမိတို့ သိရှိလိုသည်များကို ‌ဆွေးနွေးမေးမြန်းကြရာ စာတမ်းရှင်များက ပြန် လည်ရှင်းလင်းဖြေကြားကြောင်း သိရသည်။ 

(CN/034)






အခြားဆက်စပ်သတင်းများ