နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှင်းလျှောစီးရာမှ မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် နာမည်ကျော် ပြင်သစ်မင်းသား

ဇန်နဝါရီ   ၂၄


Chanel ရေမွှေးကြော်ငြာ မင်းသားအဖြစ် လူသိများသည့် ပြင်သစ်ရုပ်ရှင်မင်းသား ဂတ်စ် ပတ်ယူလီယယ်သည် Apls တောင်တန်းဒေသတွင် နှင်းလျှော  စီးနေစဉ် မတော်မဆမှု ဖြစ်ပွား ကာ ကွယ်လွန်သွားကြောင်း သိရသည်။


အသက် ၃၇ နှစ်သာရှိသေး သည့် ဂတ်စ်ပတ်သည် လာမည့် မတ်လတွင် Disney+ မှ ပြသ တော့မည့် မာဗယ်ရုပ်သံဇာတ် လမ်းတွဲ Moon Knight တွင် ပါဝင်ပြီး ဇာတ်လမ်းနမူနာထွက် ရှိပြီး နောက်တစ်ရက်မှာပင် သေဆုံးသွားခြင်း ဖြစ်သည်။ ၎င်းသည် It's Only the End of the World ဒရာမာ ရုပ်ရှင် ဇာတ်ကားဖြင့် ၂၀၁၇ ခုနှစ်တွင် အကောင်းဆုံး ဇာတ်ဆောင် မင်းသား Cesar ဆု (ပြင်သစ် အော်စကာဆု) ရရှိပြီး ပထမ ကမ္ဘာစစ်ရုပ်ရှင်ဖြစ်သည့် A Very Long Engagement ဇာတ်ကားဖြင့်လည်း ၂၀၀၅ ခုနှစ်တွင် အလားအလာ အကောင်း မင်းသားဆုအတွက် Cesar ဆု ချီးမြှင့်ခံထားရသူဖြစ် သည်။


ဂတ်စ်ပတ်သည် ဇန်နဝါရီ ၁၈ ရက်က နှင်းလျှောစီးရင်း အခြားနှင်းလျှောစီးသမားတစ်ဦး နှင့် တိုက်မိကာ ဦးနှောက်ထိခိုက် မှုပြင်းထန်စွာဖြစ်ပြီး ရဟတ် ယာဉ်ဖြင့် ဆေးရုံပို့သော်လည်း နောက်တစ်နေ့တွင် ကွယ်လွန် သွားသဖြင့် ၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး ပြင်သစ်ဘဏ္ဍာရေး ဝန်ကြီးက ပြင်သစ်ရုပ်ရှင် လောကအတွက် အရည်အချင်း လုံ့လအပြည့်ရှိသူတစ်ဦး ဆုံးရှုံး လိုက်ရပြီဟု တွစ်တာတွင် မှတ် ချက်ပေးထားသည်။    (CN-014)






အခြားဆက်စပ်သတင်းများ