နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်သို့ ဝင်ထွက်မည့် ကုန်တင်ယာဉ်နှင့် အဝေးပြေး ယာဉ်လိုင်းများ လမ်းကြောင်းသစ် သတ်မှတ်

ရန်ကုန်  ဇန်နဝါရီ  ၂၄


ရန်ကုန်သို့ အဝင်အထွက် ပြုလုပ်ကြမည့် ကုန်တင်ယာဉ် နှင့် အဝေးပြေးယာဉ်လိုင်းများ ဖေဖော်ဝါရီ ၁ ရက်မှစ၍ သတ် မှတ် လမ်းကြောင်းသစ်အတိုင်း မောင်းနှင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားသည်။


လက်ရှိ အမှတ် ၃ လမ်းမ ကြီးနှင့် ခရေပင်လမ်းဆုံ မီးပွိုင့် များတွင် ယာဉ်ကြောပိတ်ဆို့မှု များကြောင့် ရန်ကုန်တိုင်း နယ်နိမိတ်ပြင်ပနှင့် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့သွားမည့် အဝေးပြေး ယာဉ်ကြီးများသည် သတ်မှတ် လမ်းကြောင်းမှ မောင်းနှင်ရ မည်ဖြစ်ကြောင်း သိရသည်။


အင်းစိန်ဘက်မှ ထွက်ခွာ သည့် အဝေးပြေးယာဉ်များနှင့်  ကုန်တင်ယာဉ်တို့သည် အမှတ် ၄ လမ်းမကြီး လှော်ကား- ထောက်ကြန့်မြို့ပတ်လမ်းမှ တစ်ဆင့် ရန်ကုန်-ပဲခူးလမ်း ဟောင်းသို့ အသွားအပြန်မောင်း နှင်ရမည်ဖြစ်ပြီး၊ အောင်မင်္ဂလာ အဝေးပြေးမှ ထွက်ခွာလာ သည့် Express အဝေးပြေး ယာဉ်များ (ကုန်တင်ယာဉ်များ မပါ)အနေဖြင့် ခရေပင်လမ်းဆုံ မှ ပြည်လမ်းအတိုင်း ထွက်၍ အမြန်လမ်းသို့ အသွားအပြန် မောင်းနှင်ရမည်ဖြစ်သည်။


ရန်ကုန်တိုင်းအတွင်း ပုံမှန် သွားလာနေသည့် ကုန်သေတ္တာ တင်ယာဉ်နှင့် ကုန်တင်ယာဉ် များ သီလဝါနှင့် အရှေ့ဒဂုံဘက် မှ ဇေကမ္ဘာစက်မှုဇုန်မှတစ်ဆင့် ထွက်ခွာလာသော အဝေးပြေး ကုန်တင်ယာဉ်၊ ကုန်သေတ္တာ ယာဉ်များ၊ မော်လမြိုင်-ရေး- ထားဝယ်-မြိတ်-တနင်္သာရီ- ကော့သောင်းသို့ သွားမည့် အဝေးပြေး ခရီးသည်ယာဉ်များ သည် အမှတ် ၃ လမ်းမှတစ်ဆင့် ပဲခူးလမ်းဟောင်းသို့ အသွား အပြန် ဖြတ်သန်းမောင်းနှင်ရ မည်ဖြစ်ကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ