နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုပ်ငန်းများဆောင်ရွက်ရာတွင် လူပုဂ္ဂိုလ်၊ စာရွက်စာတမ်း၊ သတင်းလုံခြုံရေး အလေးထားဆောင်ရွက်ရန် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တိုက်တွန်းပြောကြား

ရန်ကုန်  ဇန်နဝါရီ  ၂၄


ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ယနေ့နံနက် ၁၀ နာရီ ခွဲတွင် မြို့တော်ခန်းမပထမထပ် ရှိ အစည်းအဝေးခန်းမ ၄ ၌ပြုလုပ် သော ကော်မတီဝင်နှင့်ဌာနမှူး များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၂/ ၂၀၂၂ သို့ တက် ရောက် အမှာစကားပြောကြားသည်။


မြို့တော်ဝန်က ပြောကြားရာ တွင်"ယနေ့ လှိုင်သာယာမြို့နယ် များအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဌာနအသီးသီးမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထား သည်ကို တွေ့ရကြောင်း၊ လုပ်ငန်း များ အောင်မြင်စေရေးအတွက် အားလုံးပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်သွားရမှာ ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် လည်း လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက် စာတမ်းလုံခြုံရေး၊ သတင်းလုံခြုံ ရေးတို့ကို အလေးထား ဆောင် ရွက်သွားရန်ဖြစ်ကြောင်း" မှာ ကြားပြီး ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့၏ ရှင်း လင်း တင်ပြချက်များနှင့် ပတ် သက်၍ ပြန်လည်ဆွေးနွေး မှာ ကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။          သတင်း/မိုးမြင့်မောင်

ဓာတ်ပုံ/ရွှေဝင်း






အခြားဆက်စပ်သတင်းများ