နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းအစိုးရ အပြောင်းအလဲလုပ်ရန် ရုရှားကြိုးပမ်းနေကြောင်း ဗြိတိန်စွပ်စွဲ

လန်ဒန်၊ ဇန်နဝါရီ ၂၄


ယူကရိန်းအစိုးရနေရာကို ရုရှား လိုလားသည့် အစိုးရနှင့် အစားထိုးရန် ရုရှားဘက်မှ ကြိုးပမ်းနေကြောင်း ဗြိတိန် အစိုးရက  စွပ်စွဲပြောဆိုလိုက်သည်။ ဗြိတိန်အစိုးရ၏ ပြောကြားချက်အရ ယခင် ယူကရိန်းလွှတ်တော်အမတ် Yevheniy Murayev သည် အစားထိုးရန် ဖြစ်နိုင်ချေရှိသည့် အစိုးရခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး ရုရှားလိုလားသည့် ပါတီငယ် Nashi ၏ ခေါင်းဆောင်ဖြစ်ကာ လတ်တလော လွှတ်တော်တွင် အမတ် နေရာရထားခြင်း မရှိကြောင်းသိရသည်။ 


ထို့ပြင် ရုရှားထောက်လှမ်းရေးနှင့် အဆက်အသွယ်ရှိသည့် အခြားသော ယူကရိန်း နိုင်ငံရေးသမားများ၏နာမည် များကိုလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ဖော်ထုတ်ထားပြီး ယူကရိန်းကို ဖြိုပစ်ရန်အတွက် ရုရှားလုပ်ဆောင် နေသည့် ပြုမူပုံများနှင့် အစိုးရနေရာ အစားထိုးရန် စဉ်းစားပုံကိုဖော်ထုတ်မည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး Liz Truss က ပြောသည်။ 


ရုရှားအနေဖြင့် သံတမန်ရေးချဉ်း ကပ်ပုံလမ်းကြောင်းကို လိုက်သင့်ကာ ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်တိုက် ခိုက်ခြင်းသည် မဟာဗျူဟာအရ ကြီးမား လှသည့် အမှားတစ်ရပ်ဖြစ်ပြီး ပေးဆပ်မှု ကြီးမားမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ